Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်အခြေစိုက် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်လို့ ကလေးငယ်တစ်ဦး သေဆုံး

စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။

ဒွယ်လိုးမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူနေအိမ်များ ပျက်စီးနေစဉ်၊ဓာတ်ပုံ - KPSN
ဒွယ်လိုးမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူနေအိမ်များ ပျက်စီးနေစဉ်၊ဓာတ်ပုံ - KPSN

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ဖာပွန်မြို့ အခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ကလေးငယ်တစ်ဦး အသက်ဆုံးရှုံးရပြီး မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၅)က ယမန်နေ့တွင် ထုတ်ပြန် သည်။

ဒီဇင်ဘာ ၂၁ ရက်က ဖာပွန်အခြေစိုက် ခမရ (၃၄၀)နှင့် ၄၃၄ တပ်မှ ဒွယ်လိုးမြို့နယ်အတွင်း လက်နက်ကြီးဖြင့် အချက် ၂၀ခန့် ပစ်ခတ်ခဲ့ရာ မထောကျေးရွာအုပ်စု ပွယ်ပါရွာအတွင်း ကျည်ကျရောက်ပေါက်ကွဲပြီး အသက်(၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးကာ ၎င်း၏ အစ်မဖြစ်သူ အသက်(၁၆)နှစ်အရွယ် မိန်းကလေးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ယင်းနေ့ ညပိုင်းတွင်လည်း ဖာပွန်အခြေစိုက် စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် လူသောမြို့နယ်ရှိ ဒေသခံများ၏ လယ်ယာလုပ်ငန်းခွင်များသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဖာပွန်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများသေဆုံးထိခိုက်မှု မကြာခဏ ဖြစ်ပေါ်နေရသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်နှင့် မြစ်တစ်ဖက်ကမ်းတွင်ရှိသော မတ္တရာမြို့နယ်ရှိ ကျေးရွာအများအပြားအား စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

သတင်း

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်မှုများလည်းရှိနေပြီး ယမန်နေ့ကပင် စစ်ကားကိုကျော်တက်မိသည့် ခရီးတင်ယာဥ်ပစ်အား စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလ​ည်း ရှိခဲ့သည်။

သတင်း

အမြန်ပြန်ဆုတ်ခဲ့ရသောကြောင့် စစ်ကောင်စီတပ် မှ ထိခိုက်သေဆုံးမှုအား အတိအကျမသိရသေးဘဲ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း ကြာညှပ်(ပ.က.ဖ)မှ အသိပေးထားသည်။

သတင်း

"အန္တရာယ်ကင်းစွာ ပြန်လာကြပြီလို့တော့ ပြောတယ်"ဟု တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)နှင့် နီးစပ်သူတစ်ဦးက ယနေ့(ဒီဇင်ဘာ ၂၄)အခြေအနေအား ပြောသည်။