Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNLA တပ်မဟာ(၅)တိုက်ခိုက်မှုများကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ်သား သုံးဦးသေဆုံး

ညနေပိုင်း၌ လူသောမြို့နယ် ကူဒေးဒေသ တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

KNU မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ(၅) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန် သည်။

ဒီဇင်ဘာ ၂၃ရက်မှ ၂၅ရက်အတွင်း ဖာပွန်ခရိုင်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂၄ရက် နံနက်က လူသောမြို့နယ်ရှိ စစ်ကောင်စီ၏ ထော့မူပလယ်မဲ တပ်စခန်းအား ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ နံနက်၌ပင် ဘူးသိုမြို့နယ် လယ်တိုးတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၃ရက်ကလည်း ကတိုင်တိမှ ကမမောင်းသို့ ပြန်ဆင်းလာသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်များကို ဝါသိုးခိုဒေသ၌ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားပြီး ယင်းဖြစ်စဉ်၌ BGF တပ်များ ထိခိုက်မှုကို မသိရသေးဟု ဆိုသည်။

ညနေပိုင်း၌ လူသောမြို့နယ် ကူဒေးဒေသ တွင်လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးပြီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၂၅ရက် နေ့လည်ပိုင်းကလည်း စစ်ကောင်စီ ၏ ရဟတ်ယာဉ် နှစ်စီးသည် လယ်တိုးစခန်းသို့လာရောက်ရာ တစ်စီးက လမ်းရှင်းပစ်ခတ်မှုလုပ်ဆာင်ခဲ့ပြီး အခြားတစ်စီးက ဆင်းသက်နေချိန် KNLA တပ်မဟာ(၅)က ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရမှု အခြေအနေကို မသိရသေးကြောင်း ထုတ်ပြန်ထားသည်။

ဖာပွန်ခရိုင်တွင် စစ်ကောင်စီတပ်များကို KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

You May Also Like

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ဒီဇင်ဘာ ၁၆ရက်မှစ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

သတင်း

တွင်းပြိုကျချိန်မှာ တွင်းထဲမှာရှိနေတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသားသေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူတွေထံကသိရပါတယ်။

သတင်း

စစ်ကောင်စီဘက်က အထိနာ၍ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ထပ်မံစုံစမ်းနေကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ၂၆ ရက်) နံနက် ၁၁နာရီခွဲခန့်က ရွှေဘိုမြို့နယ်၊ ရွာသာကျေးရွာရှိ ပျူစောထီးများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ၁၀ဦးထက် မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း SBFA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။