Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ် ဖောင်းကွဲရွာတိုက်ပွဲ PDF ရဲဘော် နှစ်ဦးကျဆုံး

ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်။

မြိုင်နယ် ဖောင်းကွဲရွာတိုက်ပွဲ PDF ရဲဘော် နှစ်ဦးကျဆုံး
မြိုင်နယ် ဖောင်းကွဲရွာတိုက်ပွဲ PDF ရဲဘော် နှစ်ဦးကျဆုံး

▪️ဒေသခံ ငါးဦးကိုလည်း စစ်ကောင်စီတပ် သတ်ဖြတ်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာတိုက်ပွဲတွင် ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦးအား စစ်ကောင်စီတပ်က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း Pakokku Underground Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား မြိုင်၊ ရေစကြိုနှင့် ပခုက္ကူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက် ခဲ့ကြသည်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း၊ မဟာမိတ်ရဲဘော် နှစ်ဦးနှင့် ပြည်သူငါးဦးလည်း သတ်ဖြတ်ခံခဲ့ရကြောင်း Pakokku Underground Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တိုက်ပွဲအတွင်း ကျည်ထိမှန်ပြီး လဲကျကျန်နေခဲ့တာ။ စကစတပ်တွေတတ်လာတော့ မိသွားပြီး တစ်ဦးကိုခေါင်းဖြတ်ပြီး ပစ်သတ်ခဲ့သလို ကျန်တစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။”ဟု ၎င်းက ပြောသည်။

ပြည်သူများအနေဖြင့်လည်း စစ်ကြောင်းအခြေအနေများအား အမြဲသတိထားနားစွင့်နေကြပါရန် Pakokku Underground Force က မေတ္တာရပ်ခံထားသည်။

စစ်ကောင်စီတပ်သည် အဆိုပါနေ့က မြိုင်မြို့ နယ်၊ ဖောင်းကားရွာ၌ ပြည်သူလေးဦးကိုလည်း သတ်ဖြတ် ခဲ့သည်။ ထို့အပြင် တောင်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ CDM ဆရာမ၏ဖခင်ဖြစ်သူ အသက် (၈၆)နှစ်အရွယ် အဘိုးအိုတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သည်။

ထို့အပြင် နေအိမ် ၄၅ လုံး၊ ကားနှင့် ဆိုင်ကယ်များ၊ မြေပဲတင်း ၃၀၊စပါးတင်း ၅၀၊နှမ်းတင်း ၄၀ လည်းမီးထဲပါသွားကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

လူငယ် ၄ ဦးဟာ ရန်ကုန်ကနေ ပခုက္ကူမြို့ကိုခရီးသည်တင်ကားနဲ့ထွက်လာချိန် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတာလို့သိရပါတယ်။

သတင်း

ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက စစ်ရေးကိစ္စများ ဆောင်ရွက်ရန်နှင့် ပတ်သက်သည့် လမ်းညွှန်ချက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ နံနက် (၁၁) နာရီခွဲအချိန်ခန့်တွင် ကော့ကရိတ်တောင်ပိုင်းဘက်က ကျေးရွာများအပေါ်သို့ စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောတွင် မသိရသေးပါဘူး။

သတင်း

ဒီဇင်ဘာ ၂၇ရက် နံနက်က ရေးမြို့နယ် ကျောင်းရွာသို့ ဝင်လာသည့် ရေးမြို့အခြေစိုက် ခလရ (၅၉၁) တပ်ရင်းမှ စစ်ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဓာတ်ပုံနှင့်အတူ ဖော်ပြသည်။