Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် ကျော်တက်သည့် ခရီးသည်တင်ယာဥ် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦးသေဆုံး

ယမန်နေ့ (ဒီဇင်ဘာ၂၃ ရက်)ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးတွင် စစ်ကိုင်းတပ်မ (၃၃)သည် မြင်းမူမြို့ဘက်ကို မောင်းနှင်လာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ဓါတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ဓါတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်ကို ကျော်တက်သည့် ခရီးသည်တင်ယာဉ်အား စစ်တပ်က ပစ်ခတ်ခဲ့ရာ ခရီးသည် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ၂၃ ရက်)ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးတွင် စစ်ကိုင်းတပ်မ (၃၃)သည် မြင်းမူမြို့ဘက်ကို မောင်းနှင်လာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုအချိန် စစ်ကောင်စီယာဥ်က အပြင်းမောင်းနင်ရင်းပစ်ခတ်သွားရာ အဆိုပါယာဥ်အား ကျော်တက်ရန်ကြိုးပမ်းသည့် ဟိန်းစတား ခရီးသည်တင် အံစာတုံးကား ကျည်များထိမှန်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ​ပြောသည်။

“စစ်ကောင်စီ စစ်ကားပေါ်က ပစ်ခတ်လိုက်တဲ့ကျည်များထိမှန်ပြီး ကားပေါ်ပါ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားသမားမျက်လုံးကျည်ထိမှန်၊ အဖွားအိုတစ်ဦး ခြေထောက်ကျည်ထိမှန်ခဲ့ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ​ပြောသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး ထိခိုက်သူများအား ကားအသင်းကဆေးရုံပို့ဆောင်ပေးခဲ့ပြီး ကျန်ခရီးသည်အချို့ကို ကားပြောင်းပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများအားမကြာခဏတိုက်ခိုက်နေပြီးစစ်အုပ်စုယာဥ်တန်းနှင့်အတူပြည်သူများလိုက်ပါလာခြင်းမပြုကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

You May Also Like

သတင်း

မိုဆိုဖြစ်စဥ်အား ကရင်နီတစ်မျိုးသားလုံး ဝမ်း နည်းဖွယ်ရာ သမိုင်းဖြစ်စဥ်အဖြစ် မှတ်တမ်းတင် ထားသည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ် များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း ဒေါင်းကာရံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

KAနှင့် KNDF တို့အား ကြိုတင်အသိပေးအကြောင်းကြားခဲ့သော်လည်း KA/KNDF တို့က တိုက်ခိုက်ခဲ့မှုကြောင့် ကလလတ တပ်ဖွဲ့ဝင် ၆ဦးနှင့် ပြည်သူ ၂ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၃ဦး ဒဏ်ရာဖြင့် ဖမ်းဆီးခံရကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်ဟု ကလလတက ထုတ်ပြန်ခဲ့သည်။