Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်

လူငယ် ၄ ဦးဟာ ရန်ကုန်ကနေ ပခုက္ကူမြို့ကိုခရီးသည်တင်ကားနဲ့ထွက်လာချိန် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတာလို့သိရပါတယ်။

ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်
ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်

ဧရာဝတီတံတား(ပခုက္ကူ )မှာ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်က ဖမ်းမိတဲ့လူငယ် ၄ ဦးဟာ စစ်ကိုင်းတိုင်း ၊ပုလဲဒေသမှာ ဒရုန်းသင်တန်းသွားပေးမယ့် PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီလူငယ် ၄ ဦးကို ဒီဇင်ဘာလ ၁၆ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

လူငယ် ၄ ဦးဟာ ရန်ကုန်ကနေ ပခုက္ကူမြို့ကိုခရီးသည်တင်ကားနဲ့ထွက်လာချိန် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတာလို့သိရပါတယ်။

ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်
ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်

ဖမ်းခံရသူ လူငယ် ၄ ဦးဟာ ကိုအောင်ကျော်ကျော်မြတ် ၂၃ နှစ် စမ်းချောင်းမြို့နယ် ၊ ကိုကောင်းမြတ်ထက် ၂၀ နှစ် မြောက်ဥက္ကလာပမြို့နယ် ၊ ကိုဖြိုးမင်းသူ ၂၀ နှစ် ကျောက်တံတားမြို့နယ် ၊ ကိုစိုင်းစည်သူအောင် ၂၄ နှစ် လှိုင်မြို့နယ်တို့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းထုတ်ပြန်ချက်မှာ လူငယ် ၄ ဦးဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီး တပ်မဟာ(၁) တပ်ရင်း(၃)မှာ ဒရုန်းမောင်းနည်းသင်တန်းတက်ရောက်ခဲ့သူတွေလို့စွပ်စွဲထားပါတယ်။

ဒါအပြင် ပုလဲနယ်က ဗိုလ်နဂါးတပ်တော်အတွက်ဒရုန်းသင်တန်းပို့ချဖို့ အသွားမှာ ဖမ်းဆီးလိုက်တာလို့လည်းစစ်ကောင်စီဘက်က ဆိုထားပါတယ်။

You May Also Like

သတင်း

ဒီဇင်ဘာ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကာ PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံ ရွာသား တစ်ဦး လက်တွင်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ကမိုးလှိုင်းကုန်းရွာကိုမီးရှို့ခဲ့ပြီး နေအိမ် ၁၆လုံးမီးလောင် ပျက်ဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

သတင်း

ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။