Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်တွင် ပျူစခန်းကို ဒေသတွင်းPDFများ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

တိုက်ပွဲအတွင်း PDFများဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း၊ ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YSO.ISA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ငါန်းဇွန်တွင် ပျူစခန်းကို ဒေသတွင်းPDFများ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို
ငါန်းဇွန်တွင် ပျူစခန်းကို ဒေသတွင်းPDFများ တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ ပျူများထိခိုက်သေဆုံးမှုရှိကြောင်း YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ ရက် နံနက် ၂မိနစ်ခန့်က ငါးဇွန်မြို့နယ်၊ ဆုံကျေးရွာတွင် တပ်စွဲနေထိုင်သော ပျူများအား ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး ပျူသုံးဦးသေဆုံးကာ ၁၀ဦးနှင့်အထက်ဒဏ်ရာရှိခဲ့သည်ဟု သတင်းရကြောင်း YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)က အသိပေးသည်။

တိုက်ပွဲအတွင်း PDFများဘက်က ရဲဘော်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း၊ ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း YSO.ISA ၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

အဆိုပါ စစ်ဆင်ရေးကို YSO.ISA (ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့)၊ MGN TIGER II၊Myingyan Twenty One Guerilla၊ Force-MTGF(မြင်းခြံခရိုင် တပ်ရင်း၂)၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ MGN Tiger (မြင်းခြံ ခရိုင်တပ်ရင်း ၂)၊ Wolf Brothers PDF၊ Liberation Army of Central၊ Region(LACR) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ YSO.ISA ထံ ဆက်သွယ်မေး​မြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတ​ပ်အား ဒေသကာကွယ်ရေးတပ်များက ပြောက်ကျားတိုက်ခိုက်မှုများရှိနေပြီး ပြည်သူအချို့လည်းဖမ်းဆီးခံရမှုများရှိသည်။

You May Also Like

သတင်း

ယမန်နေ့( ဒီဇင်ဘာ ၂၇ရက်)ကလည်း ရေစကြိုနှင့်မြောက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့်အသုံးအဆောင်ပစ္စည်းများကို မြောင်လူငယ်ကွန်ယက် YFC၊ CDSOM၊ Pdf - Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြသည်။

သတင်း

ဆောမြို့နယ် နောင်ကန်ရွာနှင့် ကျင်းလုံရွာကို စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာလ ၂၆ရက်)နေ့လယ် ၂နာရီခန့်တွင် လေကြောင်းမှ ရုတ်တရက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ကမိုးလှိုင်းကုန်းရွာကိုမီးရှို့ခဲ့ပြီး နေအိမ် ၁၆လုံးမီးလောင် ပျက်ဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။