Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်

အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက Reuters သို့ ပြောသည်။

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်
ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်

မြန်မာ့အရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံက ယနေ့(ဒီဇင်ဘာ ၂၂ ရက်) လက်ခံပြုလုပ်သည့် ဒေသတွင်းဆွေးနွေးပွဲသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပြီး အဓိက အာဆီယံ အဖွဲ့ဝင်နိုင်ငံများ တက်ရောက်ခြင်းမရှိကြောင်း Reuters က ရေးသားသည်။

အာဆီယံထိပ်သီးညီလာခံနှင့် နိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့် အကြမ်းဖက်စစ်ကောင်စီသည် အာဆီယံမဟုတ်သော(Non-ASEAN) အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၌ ကျင်းပစေကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းဆွေးနွေးပွဲသို့ အာဆီယံ၏ အဓိက အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖီလစ်ပိုင် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိကြောင်း Reuters ၏ဖော်ပြချက်အရ သိရသည်။

ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက စိတ်ပါဝင်စားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ တက်ရောက်နိုင်ကြောင်း ဖိတ်ကြားပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ အစည်းအဝေးပြုလုပ်သည့် နေရာ ကို အများပြည်သူသိရှိရန် ထုတ်ပြန်ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က ဦးဆောင်လာပြီး အခြားစစ်ကောင်စီဝန်ကြီးများလည်း တက်ရောက်ခဲ့ကြောင်း ထိုင်းအစိုးရသတင်းရင်းမြစ်တစ်ဦးက Reuters သို့ ပြောသည်။

ဆွေးနွေးပွဲ၌ မည်သည့်အကြောင်းအရာများဆွေးနွေးသည်ကို မသိရပေ။ ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ သို့သော် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးသည် ဗီယက်နမ်သမ္မတ၏ ဂျာကာတာခရီးစဥ်တွင် လိုက်ပါနေ၍ အစည်းအဝေး မတက်ရောက်နိုင်ပေ။

You May Also Like

သတင်း

မြန်မာနိုင်ငံ၌ တိုးပွားဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်တပ်၏ လူမဆန်သော အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်စေရန် စစ်လက်နက်များတင်ပို့မှုအပေါ် အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများ မဖြစ်မနေဆောင်ရွက်ပေးရန်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းသည်။

သတင်း

ယင်းဆုံးဖြတ်ချက်သည် အကြပ်အတည်းကို ဖြေရှင်းရန်နှင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းက အရပ်သားပြည်သူများကို ဖိနှိပ်ချုပ်ခြယ်မှုနှင့် အကြမ်းဖက်မှုများတိုးမြှင့်ဆောင်ရွက်လာခြင်းကို အဆုံးသတ်ရန် လုံခြုံရေးကောင်စီ၏ အရေးပါသောခြေလှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်က ဆိုသည်။

သတင်း

လုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ပထမဆုံးဆုံးဖြတ်ချက်မှာ လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်ကဖြစ်ပြီး ထိုစဥ်က မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် သတ်မှတ်ရန် အကြံပြုခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု - AJAY မှ ကိုနန်းလင်းကလည်း မြန်မာ့အရေးအဖြေမထွက်သည်မှာ အာဆီယံအဖွဲ့ကြီး၏ ချဥ်းကပ်နေသော မူဝါဒများနှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်ကောင်စီကို အရာပေး၊ နေရာပေး ချော့မြူပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက် လုပ်ကိုင်နေမှုများကြောင့် ဖြစ်သည်ဟု သုံးသပ်သည်။