Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခရမ်းမြို့နယ်တွင် ဆိုင်ကယ်စီးခွင့်ပိတ်ပင်ထား၍ ပြည်သူများသွားလာရေးခက်ခဲကာ စားဝတ်နေရေး ကြပ်တည်းလာဟု PDF ပြော

ဒေသခံများထံမှ စုံစမ်းသိရှိရမှုများအရ ဆိုင်ကယ်ဘေး တွဲတစ်စီး တပ်ဆင်မည်ဆိုလျှင် အနည်းဆုံးကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအတွင်းကုန်ကျနိုင်ပြီး ထိုကုန်ကျစရိတ်အား တတ်နိုင်သည်ဆိုလျှင်ပင် ဆိုင်ကယ်ဘေးတွဲများမှာ အကန့်အသတ်ဖြင့်သာ အသုံးပြူနိုင်သည်ဟု သိရသည်။

(ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သောကြောင့် ခရမ်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်များသာ အသုံးပြုလာရသည်။ ဓာတ်ပုံ - CJ)
(ဆိုင်ကယ်စီးနင်းခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်သောကြောင့် ခရမ်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်များသာ အသုံးပြုလာရသည်။ ဓာတ်ပုံ - CJ)

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်ပိတ်ပင်ထားသော ပြည်သူများ သွားလာရေးနှင့် ရောင်းဝယ် ရေးများအခက်အခဲဖြစ်ကာ စားဝတ်နေရေးပါ ကြပ်တည်းလာနေသည်ဟု PDF ခရမ်းက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက မတရားသော ၊ အသိဉာဏ်ကင်းမဲ့သော အမိန့်အာဏာတို့ဖြင့် မြို့နယ် တွင်းဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသည့်အတွက် ဆိုင်ကယ်ကိုသာ အဓိကအားထားအသုံးပြုသောနယ်မြို့၏ မြို့နေပြည်သူလူထုများစွာ အခက်တွေ့ရသည်ဟု ဆိုသည်။

“ပြည်သူတွေက ကျနော်တို့ page ကနေ ပြည်သူ့အ ခက်အခဲတွေကို တိုင်ကြားထားတာတွေရှိပါတယ်ခင်ဗျာ။ပထမဆုံး အခက်အခဲကတော့ ဆိုင်ကယ်စီးမရတဲ့ပြသနာပေါ့”ဟု PDF ခရမ်းမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ပိတ်ပင်၍ ဘေးတွဲဆိုင်ကယ်များသာ စီးနင်းခွင့်ပြုထားရာ လက်လုပ်လက်စားနှင့် အခြေခံလူတန်းစားများအဖို့ စားဝတ်နေရေးကို အနိုင်နိုင်ဖြေရှင်းနေရသောကြောင့် အပိုကုန်ကျမည့် ဆိုင်ကယ် ဘေးတွဲတတ်ဆင်မှုအား လုပ်ဆောင်နိုင်သူနည်း ပါးကြောင်း ၎င်းရဲဘော်က ဆိုသည်။

ဒေသခံများထံမှ စုံစမ်းသိရှိရမှုများအရ ဆိုင်ကယ်ဘေး တွဲတစ်စီး တပ်ဆင်မည်ဆိုလျှင် အနည်းဆုံးကျပ်သုံးသိန်းမှ ကျပ်ငါးသိန်းအတွင်းကုန်ကျနိုင်ပြီး ထိုကုန်ကျစရိတ်အား တတ်နိုင်သည်ဆိုလျှင်ပင် ဆိုင်ကယ်ဘေးတွဲများမှာ အကန့်အသတ်ဖြင့်သာ အသုံးပြူနိုင်သည်ဟု သိရသည်။

ထို့ကြောင့် ဘေးတွဲတပ်ဆင်ရန် ငွေကြေးမတတ်နိုင်သူများက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် များကိုရှောင်ကွင်း၍ သွားလာကြာရာ စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်များက လမ်းကြောင်းများအား သတင်းပေးတိုင်ကြားမှုများရှိနေကြောင်းလည်း PDFက ထောက်ပြသည်။

“ထိုသို့ သတင်းပေးတိုင်ကြား၍ စစ်ခွေးမျက်နာလိုမျက်နာရ လုပ်ဆောင်နေသော လူတစ်စုကို အရေးယူတုန့်ပြန်သွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်”ဟု PDF က အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း၊ ခရမ်းမြို့ပေါ်တွင် ဆိုင်ကယ်စီးခွင့်အား ပိတ်ပက်တားမြစ်လိုက်ကြောင်း ပြီးခဲ့သည့်နှစ် ၂၀၂၂အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မြို့ပေါ်နှင့် ကျေးရွာအုပ်စု (၅၃)စုအတွင်း ဆိုင်ကယ်စီးခွင့်ပိတ်ပင်ခြင်းကို နိုဝင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

You May Also Like

သတင်း

လက်ရှိတွင် တိုက်ပွဲများဆက်ဖြစ်နေသောကြောင့် မြိတ် - ပုလောလမ်း(ပြည်ထောင်စုလမ်းမကြီး) အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃၁ရက်) နံနက်၂နာရီ ၅၀ မိနစ်မှစ၍ မုံရွာမြို့နယ်အတွင်းရှိ မုံရွာ - ချောင်းဦးလမ်းပိုင်း၊ မြေနဲ - ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး - ရွှေမြင်တင်လမ်းပိုင်းတို့အား လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်း PDF အဖွဲ့များက အသိပေးသည်။

သတင်း

အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။

သတင်း

ဝေဒီကျေးရွာတွင် မင်္ဂလာဆောင်နှစ်ခုရှိပြီး ရွာအရှေ့ပိုင်းရှိ မင်္ဂလာဆောင်၌ ယနေ့နံနက် ၈နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။