Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခကို စစ်ကောင်စီတပ်ဖမ်းဆီး

ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။

မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခကို စစ်ကောင်စီတပ်ဖမ်းဆီး
မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခကို စစ်ကောင်စီတပ်ဖမ်းဆီး

မန္တလေး ဆေးတက္ကသိုလ် ရဲ့ CDM ပါမောက္ခ ဒေါက်တာဝင်းခိုင်ကို ပြီးခဲ့တဲ့ ခရစ္စမတ်နေ့ ဒီဇင်ဘာလ ၂၅ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မန္တလေးကျန်းမာရေးအသိုင်းအဝိုင်းထံကနေစုံစမ်းသိရပါတယ်။

ပါမောက္ခဒေါက်တာဝင်းခိုင်ဟာ ဆီးနဲ့ကျောက်ကပ် ခွဲစိတ်အထူးဆရာဝန်ကြီးဖြစ်ပြီး CDM ပြုလုပ်ထားသူပါ။

ဒီဇင်ဘာလ ၂၅ ရက်မှတော့ သိပ္ပံလမ်းပေါ်မှာရှိတဲ့ နန်းတော် ပုဂ္ဂလိကဆေးရုံမှာ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နဲ့ လူ ၂ ဦးက လာဖမ်းသွားတာလို့သိရပါတယ်။

” သိရသလောက်တော့ အဆက်အသွယ်မရသေးဘူးပြောတယ်၊အားလုံးကလည်း ဆရာကြီးကို စိတ်ပူနေကြတယ် ” လို့ မန္တလေး ကျန်းမာရေးအသိုင်းအဝိုင်းက ဆရာဝန်တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ကုန်ပိုင်းနဲ့ နိုဝင်ဘာ လဆန်းပိုင်းတွေအတွင်းမှာ မန္တလေးမှာ ဆေးတက္ကသိုလ် ကထိက နဲ့ အထူးကုဆရာဝန်ကြီးတွေ အပါအဝင် CDM ဆရာဝန်၊ သူနာပြုစတဲ့ ကျန်းမာရေး ဝန်ထမ်း စုစုပေါင်း ၃၀ ကျော် ကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးခဲ့ပါတယ်။

You May Also Like

သတင်း

ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)ညနေ ၃နာရီခန့်က မုံရွာမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒဿ Monywa PDF ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ယမန်နေ့ (ဒီဇင်ဘာ၂၆ ရက်) ညနေ ၅နာရီခန့်က ဒီပဲယင်းမြို့ပေါ် ဆရာစံခန်းမမှ ထွက်လာ​သော တပ်ရင်း (၇၀၁)၏ အင်အား(၆၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ဒီဇင်ဘာ၂၃ ရက်က မြိုင်မြို့နယ် ဖောင်းကွဲကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကာ PDFရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ် ပစ်ခတ်၍ ဒေသခံ ရွာသား တစ်ဦး လက်တွင်ဒဏ်ရာရခဲ့ပြီး ကော့ကရိတ်မြို့နယ် ကော့နွဲ့ရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။