Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးတွင် စစ်ကောင်စီယာဥ်တန်းနှင့် စစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက် တိုက်ခိုက်

နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းကလည်း နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား Natogyi People Defence Forceအဖွဲ့က ပစ်ခတ်ခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်။

(နွားထိုးကြီး - တောင်သာလမ်းပေါ်တွင် ပြီးခဲ့သ​ည့်လပိုင်းအတွင်းက မော်တော်ယာဉ်များကို နွားထိုးကြီးအခြေစိုက်PDF က စစ်ဆေးခဲ့စဥ်၊ ဓာတ်ပုံ - Cj)
(နွားထိုးကြီး - တောင်သာလမ်းပေါ်တွင် ပြီးခဲ့သ​ည့်လပိုင်းအတွင်းက မော်တော်ယာဉ်များကို နွားထိုးကြီးအခြေစိုက်PDF က စစ်ဆေးခဲ့စဥ်၊ ဓာတ်ပုံ - Cj)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ယာဥ်တန်းနှင့် စစ်ဆေးရေးဂိတ်အား တော်လှန်ရေးအင်အားစုနှစ်ဖွဲ့က နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၁၆ ရက် ညနေ ၃နာရီခွဲခန့်က မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း၊ ညောင်ပင်ကျေးရွာအနီးတွင် စစ်ကောင်စီယာဥ်တန်းအား စစ်ကိုင်းခရိုင် တပ်ရင်း(၄)- MSPDFအဖွဲ့နှင့် ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Natogyi Regional Defence Force အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“မှန်လုံတစ်စီးနဲ့ Light truck တစ်စီးဗျ။ ထိခိုက်မှုအခြေအနေကတော့ စုံစမ်းနေဆဲပါ။”ဟု NRDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၀နာရီခန့်ကလည်း နွားထိုးကြီးမြို့ အရှေ့ဘက် (၂)မိုင်ခန့်အကွာ နွားထိုးကြီး – မြစ်သားလမ်းမကြီးပေါ်ရှိ ပြည်သူများကို ခြိမ်းခြောက်ငွေတောင်းနေသော စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် အီဂါနာဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force အဖွဲ့က အသိပေးသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေကို အတိအကျမသိရသေးကြောင်း Natogyi People Defence Forceအဖွဲ့က ဆိုသည်။

နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းကလည်း နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား Natogyi People Defence Forceအဖွဲ့က ပစ်ခတ်ခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်။

You May Also Like

သတင်း

"စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။"ဟု Wetlet Information Network အဖွဲ့က ပြောသည်။

သတင်း

စစ်ကိုင်းမြို့ နတ်ခရိုင်နှင့်လယ်ကြီးကျေးရွာကြားတွင် ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်) နေ့လည် ၂ နာရီခွဲခန့်က ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ခင်ဦးနယ်တွင် ဇန်နဝါရီလလယ်ပိုင်း၌ စစ်ကောင် စီတပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရသည်။

သတင်း

NMDအဖွဲ့သည် အယောင်ဆောင်ရွေးကောက်ပွဲအတွက် လုပ်ဆောင်နေသူများကို သတိပေးခဲ့ပြီးနောက် တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။