Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)မှ ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းမြို့ နတ်ခရိုင်နှင့်လယ်ကြီးကျေးရွာကြားတွင် ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်) နေ့လည် ၂ နာရီခွဲခန့်က ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်ယာဥ်တစ်စီးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီတပ်သားငါးဦးသေဟု ZERO ပြောက်ကျားတပ်ဖွဲ့ပြော

စစ်ကိုင်းမြို့ တပ်မ(၃၃)မှ ထွက်လာသည့် ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားငါးဦးသေဆုံးကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ယနေ့ ထုတ်ပြန်သည်။

စစ်ကိုင်းမြို့ နတ်ခရိုင်နှင့်လယ်ကြီးကျေးရွာကြားတွင် ယမန်နေ့(ဇန်နဝါရီ ၁၇ ရက်) နေ့လည် ၂ နာရီခွဲခန့်က ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ကားပေါ်မှာ အင်အား ၃၀လောက်ပါတယ်။ကြိုတင်သတင်းရလို့ စောင့်ဆိုင်းတိုက်ခိုက်နိုင်ခဲ့တာ”ဟု ZERO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

မိုင်းဆွဲခံရသည့် စစ်ကားမှာ ပျက်စီးသွားပြီးဆက် လက်မောင်းနှင်နိုင်ခြင်းမရှိဘဲ ခြေတော်ရာတပ်ထဲသို့ ဆွဲယူသွားရသည်ကိုလည်း ထောက်လှမ်းနိုင်ခဲ့သည်ဟု ၎င်းက အသိပေးသည်။

မိုင်းဆွဲပြီးနောက် စစ်ကောင်စီတပ်က အဆက်မပြတ်ပြန်လည်ပစ်ခတ်မှုများရှိသော်လည်း ရဲဘော်များ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုကို ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် သရဲနီအဖွဲ့တို့မှ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

"စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။"ဟု Wetlet Information Network အဖွဲ့က ပြောသည်။

သတင်း

နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းကလည်း နွားစျေးသို့ လိုင်းကြေးလာကောက်သည့် ရဲနှစ်ဦးအား Natogyi People Defence Forceအဖွဲ့က ပစ်ခတ်ခဲ့ပြီး လက်နက်နှင့်ကျည်များ သိမ်းဆည်းရမိခဲ့သည်။

သတင်း

ကနီမြို့နယ်ရှိ ​ကျေးရွာတစ်ရွာမှ စစ်ဘေးရှောင်များကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ကျောက်လုံးကြီးKLG တပ်မဟာက သွားရောက် ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

သတင်း

ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။