Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး

“သူ့ရာထူးအရ သူကဆေးတပ်အရာရှိရဲ့ PSOအဖြစ် အခုနောက်ဆုံးသိထားရတယ်။ကျန်တာတော့ဆက်လက် စစ်ဆေးဆဲပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး
ဘုတ်ပြင်းမြို့ဆေးတပ်မှ တပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး

တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(P.R.D.F)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ကဒဲကျေးရွာနှင့် သင်္ကန်းတောကျေးရွာအနီး မိန်းလမ်းမကြီးတွင် ဇန်နဝါရီ၂၁ရက်က စစ်ဆေးမှုပြုလုပ်နေချိန် ခရီးသွားပြည်သူကားပေါ်တွင် လိုက်ပါလာသည့် ဘုတ်ပြင်းမြို့ဆေးတပ်မှတပ်ကြပ်ကြီးကို ဖမ်းမိခဲ့ခြင်းဟု ဆိုသည်။

“သူ့ရာထူးအရ သူကဆေးတပ်အရာရှိရဲ့ PSOအဖြစ် အခုနောက်ဆုံးသိထားရတယ်။ကျန်တာတော့ဆက်လက် စစ်ဆေးဆဲပဲ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ဖမ်းမိသည့်တပ်ကြပ်ကြီးအဆင့်စစ်ကောင်စီတပ်သားမှာ ၂၀၀၆ ကတည်းက စတင်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

၎င်း၏ ဖုန်းစစ်ဆေးမှုပြုလုပ်ရာတွင်လည်း စစ်သံရုံးဝင်ခွင့်ဖြေရာက ပြန်လာသူဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်ဟု PRDFက ဆိုသည်။

ထို့အပြင် ၎င်းထံမှ ဖုန်းတစ်လုံးနှင့် ပိုက်ဆံ ၂၀,၀၅၀ (နှစ်သောင်း ငါးရာကျပ်)ကို သိမ်းဆည်း ရမိကာ၊ ယခုလက်ရှိတွင် PRDFမှ ဆက်လက်ထိန်းသိမ်းထားကြောင်း အသိပေးသည်။

You May Also Like

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ရက်) နံနက်ပိုင်းက နွားထိုးကြီးမြို့၏ အနောက်ဖက်ဂေါက်ကွင်းအနီးတွင်ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့သည်။

သတင်း

ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများ ဝိုင်းဝန်းဖမ်းဆီးပေးမှုကြောင့် UG တစ်ဦး ဖမ်းဆီးခံရကာ သတ်ဖြတ်ခံခဲ့ရပြီး တစ်ဦးမှာ လွတ်မြောက်ခဲ့ကြောင်း ယင်းအဖွဲ့က ပြောသည်။

သတင်း

ဖမ်းဆီးထားသော စည်ပင်ဒုဦးစီးမှူးအား ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့်ပတ်သက်၍ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

သတင်း

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ညောင်ဦးမြို့နယ် NLD ပါတီခရိုင်ဥက္ကဋ္ဌ အပါအဝင်ပါတီဝန်းရံသူ ၆ ဦးဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။