Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ

ရီရှင်းရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကလည်း ဓားပြတိုက်ခံခဲ့ရပြီး ဒီတစ်ကြိမ် ဟာ ဒုတိယအကြိမ် ထပ်ကြုံရတာလည်းဖြစ်ပါတယ်။

သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ
သီပေါမြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင် ဓားပြတိုက်ခံရ

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ် မြို့မဈေးမှာ ဖွင့်ထားတဲ့ ရွှေဆိုင်တစ်ဆိုင် မနေ့ကညနေပိုင်းက ဆိုင်သိမ်းချိန်မှာ ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။

သီပေါမြို့မ ဈေးမှာဖွင့်ထားတဲ့ ရီရှင်းရွှေဆိုင် ဓားပြတိုက်ခံရတာဖြစ်ပြီး ရွှေချိန် ၆ ပိဿခန့်ပါသွားတယ်လို့လည်းသိရပါတယ်။

ရီရှင်းရွှေဆိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ကလည်း ဓားပြတိုက်ခံခဲ့ရပြီး ဒီတစ်ကြိမ် ဟာ ဒုတိယအကြိမ် ထပ်ကြုံရတာလည်းဖြစ်ပါတယ်။

“ဆိုင်သိမ်းပြီးအပြန်ဆိုတော့ ရွှေပမာဏကများတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဖြစ်စဉ်ကိုသိရတဲ့ ဒေသခံတစ်ဦး ပြောပြချက်အရ မနေ့ကညနေပိုင်း ဆိုင်သိမ်းပြီး ဆိုင်ရှင်လင်မယားဟာ ဟိုတယ်ကိုအပြန် ဟိုတယ်အရောက်ကားပေါ်ကအဆင်းမှာ နောက်ကနေ ကပ်လိုက်လာတဲ့ ဆိုင်ကယ် ၂ စီးပေါ်က အမျိုးသား ၄ ဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတာလို့သိရပါတယ်။

Facebook

You May Also Like

သတင်း

ပျံလွန်တော်မူသွားသည့်ကိုရင်လေးမှာ အသက်(၁၀)နှစ်အရွယ်ရှိပြီဖြစ်သည်။ ကျောင်းအုပ်ချုပ်သူများ၏ ပေါ့လျော့မှုကြောင့် ကိုရင်လေးတစ်ပါး အသက်ဆုံးရှုံးရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

သတင်း

မုံရွာမြို့တွင် အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြတိုက်လုယက်မှုများဖြစ်ပွားခဲ့ပြီး ယမန်နှစ်လယ်ပိုင်းမှစတင်ကာ ပိုမိုဖြစ်ပွားလာခဲ့ကာ မြို့ပေါ်ရွှေဆိုင်များအထိ ဓားပြမှုအတင့်ရဲလာခဲ့သည်။

သတင်း

ကမ္ဘာဈေးမှာရွှေတစ်အောင်စလျှင် ၁၉၂၀ ​ဒေါ်လာပေါက်ပြီး ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်ကရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၈၂၀​ ရှိခဲ့သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ PVTV သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးခန်း၌ ဦးမင်းကိုနိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။