Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘောလခဲ – ဖားဆောင်နှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးများကို ရက်အကန့်အသတ်မရှိ ပိတ်

စစ်ရေးတင်းမာလျက်ရှိချိန်တွင် ပြည်သူများ၏ အသက်ဘေးအန္တရာယ် ထိခိုက်စေမှုများကို ကာကွယ်ရန် လမ်းပိုင်းပိတ်ပင်ခြင်းဟု အသိပေးသည်။

(ဘောလခဲမြို့နယ်လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးမှုများပြုလုပ်နေစဥ်။ ဓာတ်ပုံ - Bawlakhe PDF)
(ဘောလခဲမြို့နယ်လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးမှုများပြုလုပ်နေစဥ်။ ဓာတ်ပုံ - Bawlakhe PDF)

စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ဘောလခဲ – ဖားဆောင်နှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးများကို ရက်အကန့်အသတ်မရှိပိတ်ထားမည်ဖြစ်ကြောင်း Bawlakhe PDFက ယနေ့ ထုတ်ပြန် သည်။

စစ်ရေးတင်းမာလျက်ရှိချိန်တွင် ပြည်သူများ၏ အသက်ဘေးအန္တရာယ် ထိခိုက်စေမှုများကို ကာကွယ်ရန် လမ်းပိုင်းပိတ်ပင်ခြင်းဟု အသိပေးသည်။

“ ပြည်သူများအနေနှင် ဤထုတ်ပြန်ချက်အား အတိအကျလိုက်နာစေလိုပါတယ်။‌အ‌ခြေနေငြိမ်သက်သွားတဲ့ချိန်ကျ လမ်းပြန်အသုံးပြုရမယ့်နေ့ကို ကျွန်တော်တို့ ပြန်ထုတ်ပြန်ပေးပါမယ်” ဟု Bawlakhe PDF က ပြောသည်။

မတ်လ ၁၆ ရက်က ဘောလခဲမြို့နယ်အထွက် ဖားဆောင်မြို့နယ်ကြား ရေနီပေါက်တံတားအနီတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ၁၀ထက်မနည်းဒဏ်ရာရရှိထားသည်။

ထို့နောက်အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရေနီပေါက်ရွာသား ခုနစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်မပေးသေးပေ။

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ခန့်ရှိပြီး ခြောက်ဦးအရှင်ဖမ်းမိထားသည်။

You May Also Like

သတင်း

စစ်ကောင်စီက ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူလေးဦးလက်နက် ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ် ရာရရှိခဲ့ကြောင်း BPDFက အသိပေးသည်။

သတင်း

ဘောလခဲ ​မြို့ကို ယခုနှစ် ဖေဖော်ဝါရီ ၂ရက်က စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေး(မာရှယ် လော)နယ်မြေအဖြစ် ကြေညာထားသည်။

သတင်း

ပွိုင့်(၁၄၄၁)စခန်းသည် စခန်း(၂)ခုရှိပြီး လက်နက်ကြီးတပ်စုအခြေပြုသည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာဝင်ရောက်စီးနှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ တိုက်လေယာဥ်(၁)စီးဖြင့် (၃)ကြိမ် တိုင်တိုင် လာရောက်ပစ်ကူပေးခဲ့ကာ ဘောလခဲမြို့အခြေစိုက်တပ်များဖက်မှလည်း လက်နက်ကြီးများအဆမတန် အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး အဆိုပါစခန်းကုန်းအား ကရင်နီပူပေါင်းတပ်များ မှ မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။