Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကွတ်ခိုင်ရှိ စစ်ရှောင်စခန်းများ နေရပ်ပြန်ရန် စစ်ကောင်စီ ဖိအားပေး

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများကို ရုတ်သိမ်းရန် စစ်ရှောင်စခန်းများအား အတင်းအကြပ်ဖိအားပေးလျက်ရှိသည်။

(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News)
(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News)

▪️နေရပ်မပြန်သည့် စစ်ရှောင်စခန်းများ ရွာအဖြစ် ပြောင်းလဲထားရှိမည်ဟု ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများကို ကျေးရွာအဖြစ် အမည် ပြောင်းလဲပြီး ဆက်လက်နေထိုင်ကြရန် စစ်ကောင်စီတပ်က အတင်းအကြပ်ပြောဆိုနေကြောင်း ကွတ်ခိုင်စစ်ရှောင်ပြည်သူများကို ကိုးကားပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် မတ်လ ၁၄ရက်ကစပြီး စခန်းတာဝန်ခံများကိုခေါ်ယူပြီး စစ်ရှောင်စခန်းများ ဖျက်သိမ်းလိုက်ကြောင်းအသိပေးကာ စစ်ရှောင်ပြည်သူများ နေရပ်ကျေးရွာများသို့ ပြန်ရန်နှင့် နေရပ်ပြန်ရန် အဆင်မပြေသူများအနေဖြင့် လက်ရှိနေရာပင် ကျေးရွာတစ်ခုအဖြစ်နေထိုင်နိုင်ကြောင်း ပြောဆိုလာခြင်းဖြစ်သည်ဟု ဆိုသည်။

နေရပ်ပြန်ရန် အဆင်သင့်မဖြစ်သေးသည့် စစ်ရှောင်စခန်းများထဲ၌ နမ့်ဖက်ကာ KBCစစ်ရှောင်စခန်း ၊ အောင်သပြေ၊ မိုင်းယုလေး၊ ဆွတ်အောင်၊ လွယ်မူအာ စစ်ရှောင်စခန်းများ ပါဝင်သည်ဟုဆိုသည်။

(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News)
(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Kachin News)

အဆိုပါ သတင်းဖော်ပြချက်နှင့်ပတ်သက်ပြီး နမ့်ဖက်ကာ ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းရာ စခန်အချို့အား ကျေးရွာအမည်ပြောင်းလဲရန် အဆင်ပြေနိုင်သော်လည်း အချို့မှာ အဆင်မပြေဟု ပြောသည်။

“ ဒီမှာက စစ်ရှောင်ကနှစ်ခုရှိတာ။ အောင်သပြေနဲ့ KBCနဲ့။ အောင်သပြေကတော့ ရွာနာမည်ပြောင်းလို့ရလောက်တယ်။ သူတို့က သီးသန့် ရပ်ကွက်လုပ်ပေးထားတာလေ။ မြေလွတ်မှာ တခါတည်း အိမ်သေးသေးလေးတွေဆောက်ပြီး လုပ်ပေးထားတာ။ ဘုရားကျောင်းကတော့ မရလောက်ဘူးထင်တယ်ဗျ။ သူတို့ဘုရားကျောင်းဝန်ကြီးထဲမှာမှ အဆောင်တန်းကြီး တဆက်တည်း ဆောက်ထားတာလေ။ သူတို့ကတော့ ရွာနာမည်မှည့်လို့မရလောက်ဘူး။ ပြန်ဖို့ဆိုတာကလည်း ခက်တော့ ခက်မှာပဲ”ဟု နမ့်ဖက်ကာ ဒေသခံက ပြောသည်။

(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News)
(ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသအတွင်းရှိ စစ်ရှောင်စခန်းများမှ နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Kachin News)

စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးရှိ စစ်ရှောင်စခန်းများကို ရုတ်သိမ်းရန် စစ်ရှောင်စခန်းများအား အတင်းအကြပ်ဖိအားပေးလျက်ရှိသည်။

ရခိုင်ဒေသ စစ်ရှောင်စခန်းများကိုလည်း စစ်ကောင်စီတပ်ကနေရပ်ပြန်ရန် ဖိအားပေးမှုများရှိသကဲ့သို့ ကချင်ဒေသစစ်ရှောင်စခန်းများကိုလည်း နေရပ်ပြန်ခိုင်းခြင်းများ ရှိနေသည်။

You May Also Like

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

သတင်း

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ - ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

သတင်း

"စစ်ကောင်စီဘက်က အလောင်းတွေကို တာလပတ်နဲ့ အုပ်ပြီးကို မြစ်ထဲမျှောချသွားတာ။မနေ့ကလည်း ရွှေကျင်အစပ် ရာဘာတောမှာတိုက်ပွဲဖြစ် သွားသေဘတယ်။စကစက ရာဘာတောမီးရှို့ပြီး ပြန်ဆုတ်သွားရတယ်"ဟု ရွှေကျင်မြို့ခံတစ်ဦးက ပြောသည်။

သတင်း

ယနေ့ (မတ်လ ၂၃ ရက်)နံနက်ပိုင်းမှာပင် ကမြောကင်းတံတားအနီး မြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်များ ကင်းပတ်နေသည့်အပြင် ထားဝယ်-လောင်းလုံးလမ်းမကြီးတလျှောက်ကင်းပုန်းများချကာ ကင်းပတ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။