Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင် ‌မတ်လ ၂၆ ရက်တွင် အမေရိကန်နိုင်ငံ၌ စတင်ပြသမည်

မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဇာတ်ကား ရိုက်ကူးရေးအတွက် မြန်မာနိုင်ငံနှင့်ဆင်တူသည့်နေရာကို ရွေးချယ်ခဲ့ကာတရားဝင်နေထိုင်ခွင့်ရရှိထားသူများ မဟုတ်သောကြောင့် Risk ယူ၍ ရိုက်ကူးခဲ့ရသည်ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။

('မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်' ရုပ်ရှင်မှ ဇာတ်ဝင်ခန်းအချို့နှင့် ရိုက်ကူးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - 'မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်' ရုပ်ရှင် ပြသရေးအဖွဲ့)
('မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်' ရုပ်ရှင်မှ ဇာတ်ဝင်ခန်းအချို့နှင့် ရိုက်ကူးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - 'မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်' ရုပ်ရှင် ပြသရေးအဖွဲ့)

▪️စစ်ကောင်စီ၏ အကယ်ဒမီနှင့်ပတ်သက်ပြီး မျှော်လင့်မထားဟု ပိုင်ဖြိုးသု ပြော

‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင်ဇာတ်ကားကို ‌မတ်လ ၂၆ ရက်တွင် အမေရိကန်နိုင်ငံ၌ စတင်ပြသမည်ဟု ဒါရိုက်တာဏကြီးက ပြောကြားသည်။

“ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်က ပြည်သူကပဲလာတယ်လို့ ယူဆတယ်။ ကိုနေသန်မောင်ကလည်း ပြောတယ်။ ဒါသူ့ရဲ့ကိုယ်ပိုင် မဟုတ်ဘူး။ဒါက တော်လှန်ရေးထဲမှာပြည်သူတွေထဲကထွက်လာတဲ့ ကြွေးကြော်သံတစ်ခု။ အားလုံးလည်း လက်ခံမယ်ထင်တယ်။အဲဒါကိုအားတစ်ခုယူပြီးတော့ အခုရိုက်တဲ့ကားရဲ့ Theme နဲ့လည်းလိုက်တယ်။အခုဖြစ်‌နေတဲ့တော်လှန်ရေးရဲ့ အခြေအနေအရလည်း တော်လှန်ရေး ပြီးသွားရင်ဘာလုပ်မလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုက်ညီနေတဲ့အတွက် ဒီနာမည်ပေးဖြစ်တာပါ” ဟု ဒါရိုက်တာဏကြီးကပြောသည်။

('မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်' ရုပ်ရှင်မှ ဇာတ်ဝင်ခန်းအချို့နှင့် ရိုက်ကူးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - 'မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်' ရုပ်ရှင် ပြသရေးအဖွဲ့)
(‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင်မှ ဇာတ်ဝင်ခန်းအချို့နှင့် ရိုက်ကူးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ – ‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင် ပြသရေးအဖွဲ့)

ယနေ့တွင် အဆိုပါ ရုပ်ရှင်နှင့်ပတ်သက်ပြီး ဒါရိုက်တာဏကြီးနှင့် ပိုင်ဖြိုးသုတို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ဒါရိုက်တာဏကြီက ထိုကဲ့သို့ အသိပေးပြောကြားခြင်း ဖြစ်သည်။

ယင်းဇာတ်ကားသည် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်ပြီး အောင်မြင့်မြတ် ၊ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားသည်။

လက်ရှိအချိန်တွင် အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ယူကေ၊ ဂျာမနီ၊ ဆွီဒင်၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှား စသည့် နိုင်ငံကြီးများ၌ ပြသရန်စီစဉ်ထားပြီး ဧပြီ နှင့် မေလအတွင်း ပြသမည်ဖြစ်သည်။ယင်းဇာတ်ကားနှင့်အတူ Voice of PDF မှ ဒါရိုက်တာ ဂိဒေါင်ရိုက်ကူးကာ ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားသည့် ရှိခဲ့သည် ဇာတ်လမ်းတိုရုပ်ရှင်ကိုလည်း ပြသပေးမည်ဖြစ်သည်။

မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဇာတ်ကား ရိုက်ကူးရေးအတွက် မြန်မာနိုင်ငံနှင့်ဆင်တူသည့်နေရာကို ရွေးချယ်ခဲ့ကာတရားဝင်နေထိုင်ခွင့်ရရှိထားသူများ မဟုတ်သောကြောင့် Risk ယူ၍ ရိုက်ကူးခဲ့ရသည်ဟု ဒါရိုက်တာ ဏကြီးက ပြောသည်။

“ ဖန်တီးမှုမှာ ဆင်ဆာဆိုတာ ခေါင်းထဲမှာ ဘာမှထည့်စဉ်းစားစရာမလိုဘူး။ ကျွန်တော်တို့ အပြင်က ဖြစ်ပျက်နေတာတွေကို ဇာတ်လမ်းတစ်ခုဖြစ်အောင် ပေါင်းစည်း ဖန်တီးတည်ဆောက်ရတဲ့အတွက်ပိုလွတ်လပ်ပြီး တကယ်လူသားဆန်တဲ့ဇာတ်လမ်းမျိုးထွက်လာတယ်လို့ ထင်ပါတယ်” ဟု ယင်းဇာတ်ကားရိုက်ကူးရသည့် အပေါ်ခံစားမှုကို ၎င်းက ပြောသည်။

('မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်' ရုပ်ရှင်မှ ဇာတ်ဝင်ခန်းအချို့နှင့် ရိုက်ကူးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - 'မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်' ရုပ်ရှင် ပြသရေးအဖွဲ့)
(‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင်မှ ဇာတ်ဝင်ခန်းအချို့နှင့် ရိုက်ကူးရေးပြုလုပ်နေစဉ်။ ဓာတ်ပုံ – ‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ရုပ်ရှင် ပြသရေးအဖွဲ့)

အဆိုပါရုပ်ရှင်၏ ဇာတ်ရှိန်အမြင့်ဆုံးအခန်းဖြစ်သည့် မီးလောင်ပြင်တွင် ကပြရသည့် ဇာတ်ဝင်ခန်းသည် အမှတ်တရဖြစ်ခဲ့ပြီး ဇာတ်ဝင်ခန်းအရ ၎င်းကပြရသည့်နေရာသည် မီးလောင်သည့်နေရာနှင့်အနီးဆုံးတွင်ဖြစ်ကာ ကနေသည့်နေရာသို့ မြွေရောက်လာသောကြောင့် ထွက်ပြေးခဲ့ရသည်ဟု ရိုက်ကူးရေးအမှတ်တရကို ပိုင်ဖြိုးသုက ပြန်ပြောပြသည်။

“ ပြေးဆိုလို့သာပြေးတာ ဘာလို့ပြေးခိုင်းမှန်းမသိဘူး။ ပြီးတော့မှ ဘယ်ဟုတ်မလဲ မြွေက မင်းသမီးကတဲ့ ထမိန်ရေသီနားပေါ်မှာ ။ သုသုကကြောက်ရင် ဘာမှမသိတော့ဘူး။ မြွေကလည်းတည့်တည့်ပြေး ကိုယ်ကလည်းပြေး ပြိုင်ပြေးနေတာ” ဟု ၎င်းက ပြောသည်။

ဇာတ်ကားမှ ရရှိသော ငွေကြေးများအား စစ်အာဏာရှင်တော်လှန်ရေးအတွက် သုံးစွဲသွားမည်ဟု ဏကြီးက အသိပေးသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက အကယ်ဒမီ‌ဆန်ခါတင်စာရင်း၌ ပုဒ်မ ၅၀၅ ဖြင့် မတရားဖမ်းဝရမ်းထုတ်ထားသော အနုပညာရှင်များ၏ အမည်များကို ထည့်သွင်းကြေညာထားသည့်အပေါ် ဒါရိုက်တာ ဏကြီးက “ သုသုတို့ ဒေါင်းတို့ ကိုပေါက်တို့နာမည်တွေပါတာက တမင်သက်သက်ကိုလုပ်ထားတာ။ သူတို့ပေးမှာ မဟုတ်ဘူး။ ရှင်းရှင်းလေးပဲ။ ၅၀၅ တွေ တော်လှန်ရေးမှာ အားကြိုးမာန်တတ်ပါဝင်နေတဲ့ ဒီဘက်ကလူတွေဖြစ်တဲ့ အတွက်ပေးမှာ‌တော့ လုံးဝ မဟုတ်ဘူး။ငါတို့ မင်းတို့ကို ထည့်စဉ်းစားပေးတယ်။မင်းတို့အသုံးမကျလို့ မင်းတို့မရတာ။ နှိမ်ချင်လို့လုပ်တယ်လို့ထင်ပါတယ်” ဟု ပြောသည်။

ပိုင်ဖြိုးသုကလည်း “ အကယ်ဒမီမပြောနဲ့ ။ကြော်ငြာတွေမှာတောင် သုသုတို့ရိုက်တဲ့ ကြော်ငြာတွေဆို သုသုတို့ အပိုင်းတွေကို ဖြတ်လိုက်တာ။ အရင်တုန်းက စဖြစ်ခါစက သုသုကြော်ငြာဆိုရင် မျက်နှာကိုဝါးထားပြီးပြတာမျိုးရှိတယ်။အခုကျတော့ ဝါးပြတာတောင်မရတော့ဘူး။ လူအကောင်လုံးပေါ်နေတော့ လုံးဝဖြတ်ထုတ်ပြရတာ။ အဲဒီလိုအခြေအနေအထိတင်းကျပ်နေတာ ကျန်တာတော့ ဘာမှမျှော်လင့်လို့မရတော့ဘူးဆိုတာသိထားပြီ” ဟု အကယ်ဒမီနှင့်ပတ်သက်၍ ပြောသည်။

You May Also Like

သတင်း

ပိုင်ဖြိုးသုက အာဏာသိမ်းသည့် အချိန်ကတည်းက ပြည်သူလူထုနှင့်အတူ တစ်သားတည်းရပ်တည်ခဲ့ပြီး ၎င်းကိုယ်တိုင်ဖန်တီးထားသည့်ပစ္စည်းများဖြင့် လိုအပ်သည့်နေရာများကိုလှူဒါန်းနိုင်ရန် ရန်ပုံငွေရှာ‌ဖွေပေးခဲ့သည်။

ဗီဒီယို

ဒီကံစမ်းမဲအစီအစဥ်ဖြစ်မြောက်ဖို့ ကူညီပေးသူတွေ လက်မှတ်ရောင်းချပေးသူတွေနဲ့ လက်မှတ်ဝယ်ယူအားပေးသူတွေအားလုံးကို ကျေးဇူးတင်ကြောင်းလည်း မဲဖောက်ပေးတဲ့ Live မှာပြောခဲ့ပါတယ်။

News

ဒီအစီအစဥ်အတွက် CRPH-OFP Fundraising Program နဲ့CDM Medical Network တို့က ဦးဆောင်စီစဥ်ပေးပြီး ကံစမ်းမဲလက်မှတ်တွေကို ဇန်နဝါရီ ၂၁ ကနေ ၂၈ အထိဝယ်ယူနိုင်မှာဖြစ်ပါတယ်။

News

ရုပ်ရှင်နမူနာတွင် စိတ်ရောဂါခံစားနေရသည်ဟု ယူဆရသည့် အမျိုးသမီး နှစ်ဦးကို ဇာတ်အိမ်တည် ရိုက်ကူးထားသည်ကိုတွေ့ရသည်။