Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထယ်ဘွေးစခန်းသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီယာဉ်တန်း ထပ်မံတိုက်ခိုက်ခံရပြီး ၆ ဦးထပ်သေ

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ – ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

(CDF မတူပီတပ်ဖွဲ့ဝင်တစ်ဦး စစ်​ရေး​လေ့ကျင့်​နေမှု။ ဓါတ်ပုံ-CDF)
(CDF မတူပီတပ်ဖွဲ့ဝင်တစ်ဦး စစ်​ရေး​လေ့ကျင့်​နေမှု။ ဓါတ်ပုံ-CDF)

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရဟတ်ယာဉ်ဖြင့် ခေါ်သွားပြီး၊ ယာဥ်တန်း​ရှေ့မတိုးနိုင်ဘဲ​နောက်ပြန်ဆုတ်သွား

ချင်းပြည်နယ် မတူပီ – ပလက်၀ လမ်းမပေါ်ရှိ စစ်ကောင်စီ ၏ ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာနှင့် အင်အားပို့လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကိုချင်းကာကွယ်ရေတပ်(CDF)ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း မတူပီ CDFမှတာဝန်ရှိသူက​ပြောသည်။

မတူပီမြို့ ခလရ (၃၀၄)မှ အင်အား၈၀ခန့်ပါကား ၃စီးဖြင့်မတ်လ ၂၀ရက်က ထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို CDF တပ်ဖွဲ့များကမတ်လ ၂၂ရက် မနက်ပိုင်းက မတူပီ-ပလက်ဝလမ်း မိုင်တိုင်(၁၂) တွီးရှစ်ရွာအထွက်သင်္ချိုင်းကုန်းနှင့် ပန်တွီးလမ်းခွဲ၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မတ်လ ၂၀ ရက်ကနေထွက်လာတဲ့စကစကိုတိုက်ခိုက်ခဲ့ရာ ယနေ့ဆို ၃ရက်ရှိပါပြီ။မတ် ၂၂ ရက်နေ့မှာတော့ရန်သူမထင်ထားတဲ့ ပစ်ကွင်းနေရာမှာစောင့်ထားတာ၊မနက် ၆း၃၀ မှ ၈း၀၀ နာရီ အထိ တိုက်ကြတာ ရန်သူဘက် ၆ဦးသေပြီး အများအပြားဒဏ်ရာရကြပါတယ်။”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

မတ်၂၂ရက်နံနက် ၇နာရီခန့်မှ ၈နာရီအထိ မတူပီ-ပလက်ဝလမ်းပိုင် မိုင်တိုင် ၁၂ အနီးတွီးရှစ်ရွာအထွက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။စစ်တပ်က ၆ဦး သေဆုံးကာအများအပြားဒဏ်ရာရရှိခဲ့သဖြင့်မွန်းလွဲ ၂ နာရီတွင်စစ်တပ်က စစ်ကူ ၃၀ ခန့်ထပ်မံရောက်လာပြီးတိုက်ပွဲဖြစ်ပွားခဲ့သည်။ထို့အပြင်စစ်​ကောင်စီတပ်က ဒဏ်ရာရသူများကိုရဟတ်ယာဉ်ဖြင့်လာသွားသည်ဟုလည်းCDFမတူပီကထုတ်ပြန်သည်။

“မတူပီ စခန်းကနေ စစ်ကူ၃၀ ထပ်လာတယ်ပြီးတော့လေယာဥ်(ရဟတ်ယာဉ်) လဲလာတယ်။ လေယာဥ်နဲ့ပစ်တာတော့မရှိပေမဲ့ ဒဏ်ရာရသူတွေကို လာသယ်ကြတယ်။ ဒီနေ့(မတ် ၂၃) တိုက်ပွဲတော့ရှိမယ်။ ရန်သူဘက်ကနေလက်နက်ကြီး ရမ်းသမ်းပစ်တာတော့ ရှိတယ်၊”ဟုအထက်ပါ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့​ပြောသည်။

စစ်တပ်ယာဥ်တန်းမှာ CDFတပ်ဖွဲ့ဝင်များ၏တိုက်ခိုက်မှု​ကြောင့်ရှေ့မတိုးနိုင်ဘဲ တွီရှစ်ရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်းသိရသည်။

မတ်လ ၂၀ရက်မှစတင်ထွက်ခွာလာ​သောစစ်ယာဉ်တန်းကိုမတူပီ CDFက မတ်လ ၂၀ရက်နှင့် ၂၁ရက်ကလည်း မတူပီ – ပလက်၀လမ်း၌ပင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၂ဦးသေဆုံးခဲ့​သည်။

တိုက်ပွဲ ပြင်းထန်နေ၍ ရန်သူဘက်မှ လေယာဉ်များ အသုံးပြုလာနိုင်​သောကြောင့်ပြည်သူများ အနေဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန်၊ ကတုတ်ကျင်းများ အသင့်ထားရှိရန်မတူပီ CDFကအသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။

သတင်း

ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်​ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံအချို့က​ပြောသည်။