Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၆)နှစ်မတရားချမှတ်

KBCမှ အခြား ဘာသာရေး ခေါင်းဆောင်တစ်ဦးကလည်း “ဒီနေ့ ရုံးချိန်းမှာ ပြောတာ ဟုတ်တယ်။ ၆နှစ်ဆိုပြီး စီရင်ချက်ချတယ်ပြောတယ်”ဟု ပြောကြားသည်။

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၆)နှစ်မတရားချမှတ်
KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၆)နှစ်မတရားချမှတ်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌဟောင်း ဖြစ်သည့် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၆)နှစ် မတရားစီရင်ချက်ချမှတ်လိုက်ကြောင်း KBC တာဝန်ရှိသူအချို့က ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က) ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)တို့ဖြင့် မတရားစွဲဆို ထားခြင်းဖြစ်သည်။

ယင်းနက် ယနေ့တွင် စစ်ကောင်စီက ယနေ့ (ဧပြီ ၇ရက်)တွင် ထောင်ဒဏ်စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဒီနေ့ တရားရုံးက စီရင်ချက်ချတယ်။အသေးစိတ်တော့မသိသေးဘူး ခါတိုင်း သူတို့ ဆွဲတဲ့ ပုဒ်မ အားလုံးလား တချို့တစ်ဝက်လား ကျနော်တို့လည်း မသိသေးဘူး”ဟု KBC တာဝန်ရှိသူ တစ်ဦးက ပြောသည်။

KBCမှ အခြား ဘာသာရေး ခေါင်းဆောင်တစ်ဦးကလည်း “ဒီနေ့ ရုံးချိန်းမှာ ပြောတာ ဟုတ်တယ်။ ၆နှစ်ဆိုပြီး စီရင်ချက်ချတယ်ပြောတယ်”ဟု ပြောကြားသည်။

ယခုကဲ့သို့ KBCမှ ဘာသာရေးခေါင်းဆောင်တစ်ဦးအား ထောင်ဒဏ်ချမှတ်ခြင်းမျိုး မဖြစ်စေချင်ဟု ၎င်းက ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ၂၀၂၂ ဒီဇင်ဘာလဆန်းပိုင်းအတွင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ သို့ဆေးကုသမှုခံယူရန်သွားရောက်စဉ် မန္တလေးလေဆိပ်၌ စစ်ကောင်စီကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။