Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

BGF ဂိတ်နှစ်ခုနှင့် စခန်းကုန်း ငါးခုကို Lion Battalion ဗျူဟာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်

ရွှေကုက္ကိုလ်မြိို့တွင် တိုက်ပွဲပြင်းထန်လာမည့်အလားအလာရှိနေ၍ အနီးဝန်းကျင်ရှိ ပြည်သူလူထုအနေဖြင့် ကြိုတင် စစ်ရှောင်ကြရန် သတင်းရင်းမြစ်က သတိပေးသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြိို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ဂိတ်နှစ်ခုနှင့် စခန်းကုန်း ငါးခုတိို့ကို Lion Battalion ဗျူဟာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်မြို့ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများရှိ စောချစ်သူလက်အောက်ရှိ BGF ဂိတ် နှစ်ခုနှင့် စခန်းကုန်း ငါးခုတို့ကို ဧပြီ ၅ ရက် နံနက် ၅ နာရီခန့်ကတည်းက ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းနှင့် တော်လှန်းရေးပူးပေါင်းတပ်များက ဗျူဟာမြောက် စီးနင်းတိိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း BGF တပ်သား ၈၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၇၀ကျော်ကိုလည်း သိမ်းဆည်းရရှိကြောင်း Lion Battalion ဗျူဟာစစ်ကြောင်း ပြန်ကြားရေးတာ၀န်ရှိရဲဘော်တစ်ဦးက ပြောသည်။

“အခုလောလောဆယ်ဖြစ်နေတာက BGF တွေနဲ့ဖြစ်နေတာဆိုပေမယ့် ရွှေကုက္ကိုလ်မြို့အဝင် အဝိိုင်းပေါ့နော်။ (စစ်ကောင်စီတပ်က)လက်နက်အင်အားတွေဖြည့်ပြီး ပွိုင့်ဖိုက်တွေ တပ်ဆင်ထားတာ ရှိတယ်။ စခတွေက လွှတ်လိုက်တဲ့အင်အားတွေနဲ့ ထပ်ဖြည့်ထားတာရှိတယ်။ အဲဒီမှာ သူတို့နေရာယူထားတာပေါ့”ဟု အဆိုပါရဲဘော်က ပြောသည်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)

ဧပြီ ၅ ရက် နံနက်အစောပိုင်းတွင်စတင်ဖြစ်ပွားသော တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်အချိို့ ကျဆုံးမှုရှိခဲ့ပြီး တိုက်ပွဲမှာ ယမန်နေ့အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပြင်းထန်လာမည့် အလားအလာရှိကြောင်း ဒေသတွင်းစစ်ရေးရင်းမြစ်များက ပြောသည်။

Lion Battalion ဗျူဟာစစ်ကြောင်းမှ ထုတ်ပြန်ထားသော ရုပ်သံမှတ်တမ်းတွင် စီးနင်းတိုက်ခိိုက်မှုအပြီး BGF စခန်းများကို မီးရှို့ဖျက်ဆီးခဲ့ပြီး စခန်းရှိ BGF ကားများကိုလည်း သိမ်းဆည်းခဲ့ကြောင်း တွေ့ရသည်။ ဖြစ်စဥ်အသေးစိတ်ကို တိုက်ပွဲပြီးဆုံးမှသာ ထုတ်ပြန်မည်ဟု ဆိုသည်။

အနာဂတ်ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ပေးကြရန်နှင့် ရန်သူမှရန်သူပီသချိန်တွင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပြတ်သားစွာ ဆောင်ရွက်ကြရန် Lion Battalion ဗျူဟာစစ်ကြောင်းက တိုက်တွန်းနှိုးဆော်ထားသည်။

ရွှေကုက္ကိုလ်မြိို့တွင် တိုက်ပွဲပြင်းထန်လာမည့်အလားအလာရှိနေ၍ အနီးဝန်းကျင်ရှိ ပြည်သူလူထုအနေဖြင့် ကြိုတင် စစ်ရှောင်ကြရန် သတင်းရင်းမြစ်က သတိပေးသည်။