Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်သမ္မတနဲ့ အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ တွေ့နေချိန် ထိုင်ဝမ်ကျွန်းနားမှာ တရုတ်ရေတပ် စစ်ရေးလေ့ကျင့်

တရုတ် လေယာဉ်တင် သင်္ဘောနဲ့ ရေမိုင် ၅ မိုင်၊ ၆ မိုင်လောက် အကွာမှာ ထိုင်ဝမ် စစ်သင်္ဘောတွေက အခြေအနေကို စောင့်ကြည့်နေတာလို့လည်း သူက ဆက်ပြောပါတယ်။ Shangdongဟာ တရုတ်မှာ ပြည်တွင်းဖြစ် တည်ဆောက်ခဲ့တဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောလည်း ဖြစ်ပါတယ်။

ထိုင်ဝမ် သမ္မတနဲ့ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌတို့ တွေ့ဆုံချိန်နဲ့ တိုက်ဆိုင်ပြီး ထိုင်ဝမ်ကျွန်း တဝိုက်မှာ တရုတ်က လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဦးဆောင်တဲ့ ရေတပ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြခဲ့ပါတယ်။

တရုတ် ရေတပ်က ပိုင်ဆိုင်တဲ့ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောကြီးဖြစ်တဲ့ ရှန်ဒေါင်းဟာ အနောက်ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ အခြံအရံ ရေတပ် သင်္ဘောတွေနဲ့အတူ စစ်ရေး လေ့ကျင့်နေတာပါ။ လက်ရှိ အချိန်ဟာ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်နဲ့ အမေရိကန် လွှတ်တော် ဥက္ကဋ္ဌ ကီဗင် မက္ကာသီတို့ ကယ်လီဖိုးနီးယားမှာ တွေ့ဆုံမှုကြောင့် ထိုင်ဝမ် ရေလက်ကြား တဝိုက်မှာ တင်းမာမှုတွေ မြင့်တက်နေတဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ချူကိုချန်းက တရုတ်ရဲ့ လေယာဉ်တင် သင်္ဘောဟာ ထိုင်ဝမ်ကျွန်း အရှေ့ဖက် ရေမိုင် ၂၀၀ လောက် အကွာမှာ ရှိနေတယ်လို့ ဧပြီ ၆ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ် ရေတပ်က စစ်ရေး လေ့ကျင့်နေတာလို့ ပြောပေမယ့် အချိန်ကိုက် လှုပ်ရှားမှုတွေက အရမ်း ထိလွယ်ရှလွယ် အနေအထား ဖြစ်နေကြောင်း၊ တရုတ်ရေတပ် လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်နေကြောင်းလည်း ဝန်ကြီး ချူက ဆိုပါတယ်။

တရုတ် လေယာဉ်တင် သင်္ဘောနဲ့ ရေမိုင် ၅ မိုင်၊ ၆ မိုင်လောက် အကွာမှာ ထိုင်ဝမ် စစ်သင်္ဘောတွေက အခြေအနေကို စောင့်ကြည့်နေတာလို့လည်း သူက ဆက်ပြောပါတယ်။ Shangdongဟာ တရုတ်မှာ ပြည်တွင်းဖြစ် တည်ဆောက်ခဲ့တဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောလည်း ဖြစ်ပါတယ်။

တရုတ်ဟာ ကိုယ်ပိုင် အုပ်ချုပ်မှုနဲ့ ရပ်တည်နေတဲ့ ထိုင်ဝမ်ကို ပိုင်နက် နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ရဲ့ သံတမန်ရေး လွတ်လပ်ခွင့်ကို ဘက်ပေါင်းစုံက ဖိအားပေး ပိတ်ဆို့နေပါတယ်။ ဒါကြောင့်လည်း ထိုင်ဝမ် သမ္မတ ဆိုင်က အမေရိကန်ကို ရောက်သွားတဲ့အပြင် မက္ကာသီနဲ့ပါ တွေ့ဆုံတယ် ဆိုတာက တရုတ်အတွက် အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်လာပါတယ်။

ဆိုင်ဟာ ထိုင်ဝမ်နဲ့ သံတမန် ဆက်ဆံရေး ထူထောင်ထားတဲ့ နိုင်ငံ အနည်းအကျဉ်းထဲမှာ ပါဝင်တဲ့ အလယ်ပိုင်း အမေရိက နိုင်ငံနှစ်ခုဆီ သွားရောက်ရင်း အမေရိကန်ကို ဝင်ရောက် လည်ပတ်ခဲ့တာပါ။ ဆိုင်ဟာ ဧပြီ ၅ ရက်က မက္ကသီနဲ့ တွေ့ဆုံပြီးတဲ့နောက် ထိုင်ဝမ်ကို ပြန်လာနေပြီ ဖြစ်ပါတယ်။ ဆိုင်က သူဟာ ကယ်လီဖိုးနီးယားရဲ့ နေရောင်ကြောင့် နွေးထွေးခဲ့တယ်လို့ ပြောကြားခဲ့ပြီး မက္ကာသီကလည်း ဆိုင်ကို အမေရိကန်ရဲ့ မိတ်ဆွေကောင်းလို့ ညွှန်းဆိုခဲ့ပါတ်ယ။

အမေရိကန်ဟာ ၁၉၇၉ ခုနှစ်ကစလို့ ထိုင်ဝမ်ကို တရုတ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် မူအားဖြင့် သဘောတူပြီး တရားဝင် သံတမန် ဆက်ဆံရေး ဖြတ်တောက်ထားခဲ့ပေမယ့် ကျွန်းနိုင်ငံငယ်ရဲ့ အရေးအပါအဆုံး စစ်လက်နက်နဲ့ မူဝါဒရေးရာ အားပေးထောက်ခံသူ စူပါပါဝါ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။