Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်ကြီးမြို့နယ်တွင် ကွမ်းယာထွက်ဝယ်သည့် ရဲဒုတပ်ကြီးတစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ၍​သေဆုံး

ယမန်နေ့ (ဧပြီ ၆ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပုသိမ် ကြီးမြို့ အောင်ချမ်းသာကျေးရွာ လျှပ်စစ်စစ်ဓာတ်အားခွဲရုံလုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် အောင်နွယ်စိုးအား ကွမ်းယာထွက်ဝယ်စဥ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

(စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်းဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်းရန်​စောင့်ကြည့်​နေ​သောရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-The Guardian)
(စစ်အာဏာသိမ်းမှုဆန့်ကျင်​ကြောင်းဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်းရန်​စောင့်ကြည့်​နေ​သောရဲတပ်ဖွဲ့ဝင်များကို ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-The Guardian)

▪︎​​သေဆုံးသူ၏သေနတ်နှင့်ကျည်ကိုပါ ပစ်ခတ်သူများယူသွား

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက People’s Spring သတင်းဌာနသို့ ပြော သည်။

ယမန်နေ့ (ဧပြီ ၆ ရက်)ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ပုသိမ် ကြီးမြို့ အောင်ချမ်းသာကျေးရွာ လျှပ်စစ်စစ်ဓာတ်အားခွဲရုံလုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် အောင်နွယ်စိုးအား ကွမ်းယာထွက်ဝယ်စဥ် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

ပစ်ခတ်ခံရမှုကြောင့် ရဲဒုတပ်ကြပ်အောင်နွယ်စိုး၏ နား ထင်သို့ ကျည်ဖောက်ဝင်ကာ ပစ်ခံရသည့်နေရာတွင် ပွဲ ချင်းပြီးသေဆုံးသွားကာ လူမှုကူညီရေးအသင်းကားတစ်စီးဖြင့် မန္တလေးနန်းတွင်းသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

ထို့အပြင် ရဲဒုတပ်ကြပ် အောင်နွယ်စိုးကိုင်ဆောင်သည့် M13 အမျိုးအစားသေနတ်တစ်လက်နှင့် ကျည်ဘောက်စ်တစ်ခု၊ ကျည် ၅ တောင့်အား လာရောက်ပစ်ခတ်သူများက ယူဆောင်သိမ်းဆည်းသွားသည်ဟု စုံစမ်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပစ်ခတ်ရှင်းလင်းခံရမှုများကြောင့် စစ်ကောင်စီတပ်က မန္တလေးမြို့တွင် ဖမ်းဆီးစစ်ဆေးမှုများ ဆက် တိုက်လုပ်ဆောင်လျှက်ရှိရာ ယနေ့ ဧပြီ ၇ ရက်မနက်ပိုင်းတွင်လည်း မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်ကွက်အတွင်း လက်နက်တွေ့သည်ဆိုကာ ရဲနှင့်စစ်သားများ ဝင်ရောက်ရှာဖွေမှုများရှိနေကြောင်း ဒေသခံပြည်သူများက ပြောသည်။