Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲတွေကြောင့်ထိုင်းဖက်ခြမ်းကိုမြန်မာစစ်ဘေးရှောင်ပြည်သူ ၅၄၀၀ ကျော်ထွက်ပြေး

တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ဟာ ထိုင်းဖက်ခြမ်းက မဲဆောက်နဲ့ မဲရမတ် ဒေသတွေဆီ ထွက်ပြေး ခိုလှုံနေကြရပါတယ်။ တိုက်ပွဲတွေက လက်ရှိ အချိန်ထိ အပြင်းအထန်ဖြစ်ပွား​နေတာကြောင့်လည်း ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

(တိုက်ပွဲများ​ကြောင့် ထိုင်းဘက်ခြမ်းသို့ထွက်​ပြေးတိမ်း​ရှောင် လာ​သော စစ်​ဘေး​ရှောင် ပြည်သူ​တွေ ။ဓါတ်ပုံ-CJ၊AEC)
(တိုက်ပွဲများ​ကြောင့် ထိုင်းဘက်ခြမ်းသို့ထွက်​ပြေးတိမ်း​ရှောင် လာ​သော စစ်​ဘေး​ရှောင် ပြည်သူ​တွေ ။ဓါတ်ပုံ-CJ၊AEC)

အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ကရင်တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ဒုတိယ​​မြောက်​နေ့အဖြစ်ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့နောက်ဧပြီ ၆ ရက်အထိ ဒေသခံပြည်သူ ၅၄၀၀ ကျော်ဟာ ထိုင်းနိုင်ငံဖက်ခြမ်းကို ထွက်ပြေး ခိုလှုံနေရတယ်လို့ သိရပါတယ်။

မြဝတီနားက ဘန်တီးကိုတောဧရိယာကို ကရင်တော်လှန်ရေး တပ်တွေက သိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တဲ့နောက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာလို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီနေရာဟာ ထိုင်းနယ်စပ်မှာရှိတဲ့ ဘန်ဝမ်ဖာနဲ့ ၃ ကီလိုမီတာလောက်သာ ကွာဝေးပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ဟာ ထိုင်းဖက်ခြမ်းက မဲဆောက်နဲ့ မဲရမတ် ဒေသတွေဆီ ထွက်ပြေး ခိုလှုံနေကြရပါတယ်။ တိုက်ပွဲတွေက လက်ရှိ အချိန်ထိ အပြင်းအထန်ဖြစ်ပွား​နေတာကြောင့်လည်း ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

ထိုင်းနယ်စပ်လုံခြုံရေး အရာရှိ တစ်ဦးက မြန်မာဖက်က တိုက်ပွဲတွေကြောင့် မဲဆောက်နဲ့ မဲရမတ်တို့မှာ လာရောက် ခိုလှုံနေသူ ၅၄၂၈ ဦးထိ ရှိတယ်လို့ Bangkok Postကို ပြောပါတယ်။ အဲဒီထဲမှာ ကလေးငယ် (၈၀၀)ဝန်းကျင်လောက် ပါဝင်ပါတယ်။

ထိုင်းအာဏာပိုင်တွေက မဲရမတ်မှာ ယာယီ ခိုလှုံရေးစခန်း ၄ ခု၊ မဲဆောက်မှာ ၆ ခု စီစဉ်ပေးပြီး မြန်မာဖက်က နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေကို နေရာချထားပေးတယ်လို့လည်း သိရပါတယ်။မဲရမက်ကနေရာ ၄ ခုမှာ လူဦးရေ ၃၂၆၄ ဦးနဲ့မဲဆောက်ခရိုင်က ၆ နေရာမှာ လူဦးရေ ၂၁၆၄ ဦးကိုယာယီခိုလှုံဖို့စီစဥ်​​ပေးထားပါတယ်။

တိုက်ပွဲတွေကနေ လမ်းချော်လာတဲ့ ကျည်ဆန်တွေဟာ မဲဆောက်ရော၊ မဲရမတ်ဖက်ကိုပါ ကျရောက်ခဲ့တဲ့အပြင် မြန်မာပိုင် မြဝတီမြို့နားက ရွှေကုက္ကိုလ် အထူးစီးပွားရေးဇုန် စီမံကိန်းကိုပါ ထိခိုက်မှုတွေ ရှိစေခဲ့တယ်လို့လည်း Bangkok Postမှာ ဖော်ပြထားပါတယ်။

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်​ပြေးလာသူ​တွေကို ရှာဖွေဖို့ ထိုင်းအမှတ် ၁၄ ခြေလျင်တပ်ရင်းက မဲရမတ်ရဲတပ်ဖွဲ့၊ ဒေသတာဝန်ရှိ​သူတွေနဲ့အတူ လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ ဒုက္ခသည်​တွေကို ကူညီဖို့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပုဂ္ဂလိကကဏ္ဍတို့နှင့်ပေါင်းစပ်လုပ်ကိုင်​နေတယ်လို့လည်းဆိုပါတယ်။

Ref: Bangkok Post