Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန် ထောင်ဒဏ် ၆ နှစ် မတရားချမှတ်ခံရ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဌဟောင်း၊ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ နှစ် မတရားစီရင်ချက်ချမှတ်လိုက်တယ်လို့ KBC တာဝန်ရှိသူအချို့က ပြောပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)တို့နဲ့ မတရားစွဲဆိုထားတာပါ။ မတရားစွဲဆိုထားတဲ့ ပုဒ်မအားလုံးအတွက် ၆ နှစ်ချမှတ်ခြင်းလား၊ တချိို့တဝက်ချမှတ်တာလားဆိုတာ အသေးစိတ်မသိရသေးဘူးလို့ KBC တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၆)နှစ်မတရားချမှတ်
KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၆)နှစ်မတရားချမှတ်

▪️ကလေးမြို့မြောက်ပိုင်း တစ်ပတ်ကြာတိုက်ပွဲ စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တစ်ပတ်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၂၅ ဦးသေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် – CNO/CNDF(အထက်ချင်းတွင်းဒေသ)က သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစ်စီး၊ ရဟတ်ယာဉ် သုံးစီးတို့နဲ့ လေကြောင်းတိုက်ခိုက်မှု သုံးရက်ဆက်ပြုလုပ်ခဲ့ပေမယ့် အခုလို သေဆုံးအထိနာခဲဲ့တာလို့ ဆိုပါတယ်။ မနေ့ မနက်ကစလို့ စစ်ကောင်စီတပ် ပြန်ဆုတ်သွားလို့ ကာကွယ်ရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရတယ်လို့ အထက်ချင်းတွင်း CNO/CNDFတာဝန်ခံက ပြောပါတယ်။

မီးရှိို့ခံ ပြည်သူများအတွက်ဆောက်လုပ်လှူဒါန်းထားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-S&C
မီးရှိို့ခံ ပြည်သူများအတွက်ဆောက်လုပ်လှူဒါန်းထားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-S&C

▪️ရွှေကူတိုက်ပွဲ စစ်ကောင်စီတပ် အထိနာပြီး လေကြောင်းမှ နှစ်ရက်ဆက်တိုက်ခိုက်

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ ဗန်းမော်မြို့နယ်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အထိနာလို့ လေကြောင်းမှ နှစ်ရက်ဆက် တိုက်ခိုက်လာတယ်လိို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ရွှေကူမြို့ရဲ့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်သွားပြီး လှုပ်ရှားတာကို KIAနဲ့ KPDF တွေ ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ် ခုခံတိုက်ပွဲတွေဖြစ်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကျေးရွာများရှိ ပြည်သူလူထုနေအိမ် ထိခိုက်ပျက်စီးမှု၊ ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရမှုများရှိတယ်လို့ ဗိုလ်မှူးကြီီးနော်ဘူက ပြောပါတယ်။ ရွှေကူ KPDF သတင်းပြန်ကြားရေးဌာန တာဝန်ခံကလည်း ရွှေကူမြို့နယ် စီသာရွာအနီး ဧပြီ ၅ ရက်က တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ မနေ့က ပြောပါတယ်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယမန်နေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - People Defense Force - ShweGu)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ယမန်နေ့ ဆက်လက်ပြုလုပ်၍ တုံးကောက်နှင့် စီသောင်ရွာမှ နေအိမ်များ မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – People Defense Force – ShweGu)

▪️စစ်ကိုင်းတိုင်း မီးရှို့ခံနေအိမ်များပြန်လည်တည်ဆောက်ပေးမှု အိမ်အလုံးရေ ၆၀၀ ပြည့်မြောက်

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံပြည်သူများရဲ့ နေအိမ်များပြန်လည်တည်ဆောက်ပေးမှု အလုံးရေ ၆၀၀ ပြည့်မြောက်ခဲ့တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။ မြိို့နယ် ၄ ခုမှ ကျေးရွာပေါင်း ၃၈ ရွာ​ရဲ့ နေအိမ်အလုံးရေ ၆၀၀ ကို တည်ဆောက်ပေးနိုင်ခဲ့တာလို့ သိရပါတယ်။ အလုံးရေ ၁၀၀၀ ရည်မှန်းထားတာကြောင့် လာမယ့် နှစ်လအတွင်း အပြီးတည်ဆောက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

▪️ကွမ်းယာထွက်ဝယ်တဲ့ ရဲဒုတပ်ကြပ်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ ​သေဆုံး

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လိို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ မနေ့ ညနေပိုင်းက ပုသိမ်ကြီးမြို့ အောင်ချမ်းသာကျေးရွာ လျှပ်စစ်စစ်ဓာတ်အားခွဲရုံလုံခြုံရေးတာဝန်ကျ ရဲဒုတပ်ကြပ် အောင်နွယ်စိုးကို ကွမ်းယာထွက်ဝယ်စဥ် သေနတ်နဲဲ့ အနီးကပ်ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်ခံရမှုကြောင့် ရဲဒုတပ်ကြပ်အောင်နွယ်စိုးရဲ့ နားထင်သို့ ကျည်ဖောက်ဝင်ကာ ပစ်ခံရတဲ့ နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။ အောင်နွယ်စိုးကိုင်ဆောင်တဲ့ M13 အမျိုးအစားသေနတ်တစ်လက်နဲ့ ကျည်ဘောက်တစ်ခု၊ ကျည် ၅ တောင့်ကို လာရောက်ပစ်ခတ်သူများက ယူဆောင်သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

▪️BGF ဂိတ်နှစ်ခုနဲဲ့ စခန်းကုန်း ငါးခုကို Lion Battalion ဗျူဟာစစ်ကြောင်းနဲ့ ပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြိို့အနီးရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ဂိတ်နှစ်ခုနဲ့ စခန်းကုန်း ငါးခုတို့ကို Lion Battalion ဗျူဟာစစ်ကြောင်းနဲဲ့ ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရသည်။ ရွှေကုက္ကိုလ်မြို့ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများရှိ စောချစ်သူလက်အောက်ခံ BGF ဂိတ် နှစ်ခုနဲဲ့ စခန်းကုန်း ငါးခုတို့ကို ဧပြီ ၅ ရက် မနက် အစောပိုင်းကတည်းက ဗိုလ်အယ်ဆေးဝါးဦးဆောင်တဲ့ Lion Battalion ဗျူဟာစစ်ကြောင်းနဲ့ တော်လှန်းရေးပူးပေါင်းတပ်များက စီးနင်းတိိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း BGF တပ်သား ၈၀ ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၇၀ ကျော်ကိုလည်း သိမ်းဆည်းရရှိတယ်လို့ Lion Battalion ဗျူဟာစစ်ကြောင်း ပြန်ကြားရေးတာ၀န်ရှိရဲဘော်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်အချိို့ ကျဆုံးမှုရှိခဲ့ပြီး တိုက်ပွဲမှာ မနေ့ကအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကာ ပြင်းထန်လာမယ့် အလားအလာရှိတယ်လို့ ဒေသတွင်းစစ်ရေးရင်းမြစ်များက ပြောပါတယ်။

(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)
(စစ်တပ်နှင့်BGF ထံမှသိမ်းဆည်းရရှိ​သောလက်နက်အချို့နှင့် BGF စခန်းအချို့ကိုမီးရှို့ဖျက်ဆီးစဥ်။ဓာတ်ပုံ-Lion Battalion)

▪️မိုးကုတ်-မန္တလေးလမ်းပိုင်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်-မန္တလေးလမ်းပိုင်းမှာ ပင်လည်ကြီးဂိတ်မှထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ) ခေါင်းဆောင် ဗိုလ်ဇီးရိုးဝမ်းက ပြောပါတယ်။ မနေ့က စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ ပင်လည်ကြီးဂိတ်မှ နွယ်ရုံဘက်သို့ ထွက်လာတဲ့ (၁၀)ဘီးကား သုံးစီးအနက် တစ်စီးကို ပဒေသာမိုင်း(၁၀)လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုထိခိုက်မှုအခြေအနေကိို မသိရသေးဘဲ စုံစမ်းနေတယ်လို့ ဗိုလ်ဇီးရိုးဝမ်းက ပြောပါတယ်။