Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ်တွင် PDF မမြင်ဖူး၍ဆိုကာတစ်ဦးတည်းလာသည့် ဒုအရာခံဗိုလ် ဖမ်းဆီးခံရ

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ မကြာခဏထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေပြီး ဧပြီ ၃ရက် နံနက်ပိုင်းကလည်း မအူရဲစခန်းကို ဒေသတွင်း PDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ခုနစ်ဦးခန့်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

(ဖမ်းဆီးရမိခဲ့သည့် ဒုအရာခံဗိုလ်ဆိုသူအား တွေ့ရစဥ်)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ မမြင်ဖူး၍ဆိုကာ တစ်ဦးတည်း သတင်းထောက်လှမ်းလာသည့် ပခုက္ကူတပ်မ(၁၀၁)မှ ဒုအရာခံဗိုလ်အား ဖမ်းဆီးရမိကြောင်း Yesagyo Revolution Group (YRG)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဧပြီ ၆ ရက်က ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကန်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်၏ ဒုအရာခံဗိုလ်မြလွင်ဆိုသူအား ရေစကြိုမြို့နယ်တစ်နေရာ၌ ဒေါင်းညီနောင်(PDF)နှင့် ပူးပေါင်းပြီး ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း Yesagyo Revolution Group (YRG)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူက ကင်းပက်လာတာ။ အဲကနေ ဖမ်းဆီးရမိတာ။နှိပ်စက်တာတွေတော့ မရှိပါဘူး။ အစောင့်နဲ့ပဲထားထားပါတယ်။ ကျွန်တော်တို့ဆီမှာပဲ ထိန်းသိမ်းထားဦးမယ်။ သူတို့ထဲဘာတွေဖြစ်လို့တစ်ကောင်ထဲလာလဲတော့ မသိဘူး။ ကျွန်တော်တို့နယ်ကို သူတစ်ကောင်ပဲလာတာ။”ဟု YRG၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဒုအရာခံဗိုလ်ဆိုသူက ၎င်း၏ ဗိုလ်ကြီးစေလွှတ်၍ PDFများရှိသည်ကို မယုံကြည်သောကြောင့် လာရောက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဗိုလ်ကြီးကလည်းလွှတ်လို့ သတင်းထောက်ဖို့။ လိုင်းပေါ်တွေမှာတော့ ရွာတွေမီးရှို့ခံရတာတို့ ဗုံးကြဲတာတို့ PDF တွေပေါများနေတာနဲ့ အနေအထားနဲ့ တစ်ခါမှလည်း မမြင်ဖူးမတွေ့ဘူးလို့ မယုံကြည်တာလည်းပါတယ်။ အဲဒါနဲ့သတင်းထောက်ဖို့လာတာ။”ဟု ဖမ်းဆီးခံရသူ ဒုအရာခံဗိုလ်က PDFရဲဘော်များအား ဖြေကြားသည်။

၎င်းအထိုင်ချရာ အရှေ့ဘုန်းကန်ရွာသည် ဒေသတွင်း PDFအဖွဲ့များ၏ မကြာခဏလာရောက် တိုက်ခိုက်​ခြင်း ခံရလေ့ရှိသည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ မကြာခဏထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေပြီး ဧပြီ ၃ရက် နံနက်ပိုင်းကလည်း မအူရဲစခန်းကို ဒေသတွင်း PDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ခုနစ်ဦးခန့်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။