Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်း- ဟားခါးလမ်းတွင် စစ်ကောင်စီတပ် ယာဉ်တန်းမှကားနှစ်စီးကို ချင်းပူးပေါင်းတပ် ထပ်မံ သိမ်းပိုက်

“ဒီကနေ့မနက် မနေ့က (ဧပြီ ၉)ည ၁၂နာရီ သန်းခေါင်ကျော်ကျော်လောက်မှာပေါ့နော် အဲဒီမှာ ကား ၂စီးကို ကျနော်တို့ ထပ်မံပြီးတော့ ရတယ်ပေါ့။ နောက်ထပ် ၂စီး ကျနော်တို့ လက်ထဲ ထပ်ရောက်တာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

(စစ်​ကောင်စီတပ်ယာဥ်တန်းမှ ထပ်မံသိမ်းဆည်းရရှိ​သောကားနှစ်စီး။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီတပ်ယာဥ်တန်းမှ ထပ်မံသိမ်းဆည်းရရှိ​သောကားနှစ်စီး။ဓါတ်ပုံ-The Chin Journal)

▪︎စစ်တပ်ကလက်နက်ခဲယမ်းနှင့်ရိက္ခာများသယ်​ဆောင်ရာတွင် အရပ်ဖက်ကုန်တင်ကားများကိုပါ​ခေါ်​ဆောင်လာခြင်းဖြစ်

ချင်းပြည်နယ် ဖလမ်း – ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိရာ ယနေ့မနက်အစောပိုင်းတွင် စစ်ကောင်စီယာဉ်တန်းမှ ကားနှစ်စီးကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုသည်။

“ဒီကနေ့မနက် မနေ့က (ဧပြီ ၉)ည ၁၂နာရီ သန်းခေါင်ကျော်ကျော်လောက်မှာပေါ့နော် အဲဒီမှာ ကား ၂စီးကို ကျနော်တို့ ထပ်မံပြီးတော့ ရတယ်ပေါ့။ နောက်ထပ် ၂စီး ကျနော်တို့ လက်ထဲ ထပ်ရောက်တာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

(စစ်​ကောင်စီတပ်ယာဥ်တန်းမှ ထပ်မံသိမ်းဆည်းရရှိ​သောကားနှစ်စီး။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီတပ်ယာဥ်တန်းမှ ထပ်မံသိမ်းဆည်းရရှိ​သောကားနှစ်စီး။ဓါတ်ပုံ-The Chin Journal)

ဧပြီ ၈ရက်က စစ်ကောင်စီယာဉ်တန်းကို ချင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ကား ၂စီး ထိခိုက်ပျက်စီးပြီး ယာဉ်တန်းမှ ချန်ထားခဲ့ရာ ယင်းယာဉ် ၂စီးကို ချင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်။ ထို့နောက် ယမန်နေ့ည သန်းခေါင်ကျော်တွင် စစ်ကောင်စီယာဉ် ၂စီးကို ထပ်မံ သိမ်းပိုက်နိုင်ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်များအားလုံးသည် အရပ်ဘက်ယာဉ်များဖြစ်သည်။

“အရပ်ဘက်ကားတွေပဲ အားလုံးက။ စစ်ကားတစ်စီးမှ မရှိဘူး။ စစ်ကားဆိုလို့ တင့်ကား သံချပ်ကာပဲရှိတယ်ပေါ့။ အဲဒီ အနေအထားဆိုတော့ ကျနော်တို့ လက်ထဲ အဲဒီလို ရောက်ပြီ အရပ်ဘက်ကားဆိုတော့ ကျနော်တို့က ဘယ်လိုကိုင်တွယ်ရမလဲဆိုတာဆိုတဲ့ဟာတွေက ပြန်ပြီးတော့ စဉ်းစားသုံးသပ်ဖို့လိုတာပေါ့” ဟု ဆလိုင်းထက်နီကပြောသည်။

(စစ်​ကောင်စီတပ်ယာဥ်တန်းမှ ထပ်မံသိမ်းဆည်းရရှိ​သောကားနှစ်စီး။ဓါတ်ပုံ-The Chin Journal)
(စစ်​ကောင်စီတပ်ယာဥ်တန်းမှ ထပ်မံသိမ်းဆည်းရရှိ​သောကားနှစ်စီး။ဓါတ်ပုံ-The Chin Journal)

စစ်တပ်အတွက်လက်နက်ခဲယမ်းနှင့်ရိက္ခာများသယ်လာ​သောအဆိုပါစစ်ယာဉ်တန်းသည် မတ်လ ၇ရက်ကတည်းက စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး ချင်းပူးပေါင်းတပ်၏ အကြိမ်ကြိမ်တိုက်ခိုက်မှုကြောင့်ချင်းပြည်နယ် ဟားခါးသို့တစ်လကျော်ကြာသည်အထိမရောက်​သေး​ပေ။ စစ်တပ်က စစ်ကားများကိုသာမက အရပ်သားကုန်တင်ကားများကိုပါ​ခေါ်​​ဆောင်လာခြင်းဖြစ်သည်။