Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန် အရှေ့အလယ်ပိုင်း ဒေသကို အမေရိကန် ရေငုပ်သင်္ဘောစေလွှတ်

အမေရိကန် ရေတပ်ဟာ ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာနဲ့ ခရီးစဉ်တွေကို လူသိရှင်ကြား ထုတ်ပြောတာမျိုး အရမ်းနည်းပါတယ်။ ဟော့ကင်စ်က အဲဒီ ရေငုပ်သင်္ဘောရဲ့ စစ်ဆင်ရေး ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။

အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန် အရှေ့အလယ်ပိုင်း ဒေသကို အမေရိကန် ရေငုပ်သင်္ဘောစေလွှတ်
အီရန်နဲ့ ဆက်ဆံရေး တင်းမာနေချိန် အရှေ့အလယ်ပိုင်း ဒေသကို အမေရိကန် ရေငုပ်သင်္ဘောစေလွှတ်

အီရန်နဲ့ ဆက်ဆံရေး ပိုမိုတင်းမာလာတဲ့ အခြေအနေမှာ အမေရိကန် ရေတပ်ဟာ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော တစ်စီးကို အရှေ့အလယ်ပိုင်းဒေသ ရေပြင်ဆီ ပို့ဆောင်ထားလိုက်ပါတယ်။

ပင်လယ်ကွေ့ ဒေသက ဘာရိန်းနိုင်ငံနားမှာ ဖြန့်ကျက်ထားတဲ့ အမှတ် ၅ ရေတပ်မရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တင်မိုသီ ဟော့ကင်စ်က မြေပြင် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ Tomahawk ပဲ့ထိန်းဒုံးကျည် ၁၅၄ စီးထိ တင်ဆောင်နိုင်တဲ့ နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တစ်စီးဟာ ဆူးအက်ဇ် တူးမြောင်းကိုဖြတ်ပြီး အရှေ့အလယ်ပိုင်း ဒေသဆီ ဦးတင် ဝင်ရောက်ခဲ့တယ်လို့ အတည်ပြုသွားပါတယ်။

အမေရိကန် ရေတပ်ဟာ ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာနဲ့ ခရီးစဉ်တွေကို လူသိရှင်ကြား ထုတ်ပြောတာမျိုး အရမ်းနည်းပါတယ်။ ဟော့ကင်စ်က အဲဒီ ရေငုပ်သင်္ဘောရဲ့ စစ်ဆင်ရေး ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။

နျူကလီးယား လက်နက်တွေ တပ်ဆင်နိုင်ပြီး အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာ ပြည်နယ်က ကင်းစ်ဘေး ရေတပ်စခန်းမှာ အခြေစိုက်တဲ့ ရေငုပ်သင်္ဘောဟာ အခု သီတင်းပတ်ကုန်မှာ အရှေ့အလယ်ပိုင်း ဒေသကို ရေပြင်ဆီ ရောက်ရှိပြီး ဒေသရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ကူညီ ထိန်းသိမ်းသွားမယ်လို့ ဟော့စ်ကင်စ်က ဆိုပါတယ်။

Tomahawkတွေဟာ အမေရိကန်ရဲ့ အစွမ်းအထက်ဆုံး ပဲ့ထိန်းဒုံးကျည် အမျိုးအစားတွေထဲက တစ်ခုပါ။ ရေငုပ်သင်္ဘော၊ ဒါမှမဟုတ် သင်္ဘောတွေက ပစ်လွှတ်လိုက်တဲ့ Tomahawkတွေဟာ ကီလိုမီတာ ၂၅၀၀ လောက် အကွာက ပစ်မှတ်ကို အမှားအယွင်းမရှိ ချေမှုန်းနိုင်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက အီရတ်ကို အမေရိကန်က ထိုးစစ်ဆင် တိုက်ခိုက်တဲ့ အစောပိုင်း ကာလတွေမှာ Tomahawkတွေကို အလုံးအရင်း ပစ်လွှတ်ပြီး ရန်သူ့ ခံစစ်ကြောင်းတွေကို ချေမှုန်းခဲ့ဖူးပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား ဆက်ဆံရေး တင်းမာမှုတွေဟာ ၂၀၁၅ ခုနှစ်မှာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်က အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူ စာချုပ်ကနေ နုတ်ထွက်ခဲ့တဲ့ ကိစ္စနောက်ပိုင်း ဆက်တိုက် ဆိုးရွားလာနေခဲ့ပြီး အီရန်ကလည်း နျူကလီးယား နည်းပညာ သုတေသန လုပ်ငန်းတွေကို ပြန်လည် အရှိန်မြှင့်တင်ခဲ့ပါတယ်။