Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်း-ဟားခါးလမ်းတိုက်ပွဲစစ်ကားတန်းမှကား ၈ စီးယနေ့ထပ်မံရရှိ၊ ချင်းပူး​ပေါင်းတပ်ကစုစု​ပေါင်းကား ၁၃ စီးသိမ်းဆည်း

စစ်ကောင်စီယာဉ်တန်းသည် ဟားခါးမြို့နယ်ရှိ ချွန်ကျုံးရွာအဝင်ရှိ ပြည်သူလူထုနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။

(ဧပြီ ၁၁ ရက်တွင်ချင်းပူး​ပေါင်းတပ်က စစ်​ကောင်စီယာဥ်တန်းမှ သိမ်းဆည်းရရှိ​သော ကားများ။ဓါတ်ပုံ-CNF)
(ဧပြီ ၁၁ ရက်တွင်ချင်းပူး​ပေါင်းတပ်က စစ်​ကောင်စီယာဥ်တန်းမှ သိမ်းဆည်းရရှိ​သော ကားများ။ဓါတ်ပုံ-CNF)

▪︎ယ​နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ၈ဦးခန့်သေဆုံးပြီး​နောက်​လေ​ကြောင်းအသုံးပြုတိုက်ခိုက်

▪︎စစ်တပ်ကာအရပ်သားကားများ​ချောဆွဲလာခြင်းဖြစ်ပြီးစစ်ကားတန်းတွင် ကား ၁၀ စီး​ကျော်သာကျန်​တော့

ချင်းပြည်နယ် ဟားခါးမြို့ကိုလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဖလမ်းနှင့် ဟားခါးလမ်းပိုင်း၌ ချင်းပူးပေါင်းတပ်ဖွဲ့က ယ​နေ့ဆက်လက်တိုက်ခိုက်ရာကား ၈ စီးကိုထပ်မံ သိမ်းပိုက်ရရှိကြောင်းချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောကြားသည်။

မတ်လ ၇ရက်ကစစ်ကိုင်းတိုင်းကလေးမြို့မှထွက်ခွာလာသည့် တင့်ကား ၂စီးပါစစ်ကောင်စီယာဉ် ၃၀ ခန့်ကို လမ်းတစ်​လျှောက်တွင် ချင်းပူးပေါင်းတပ်များက ဆက်တိုက်လိုက်လံတိုက်ခိုက်​နေခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဧပြီ ၈ရက်တွင် စစ်ယာဉ်တန်းမှ ယာဉ် ၂စီး၊ ဧပြီ ၁၀ရက်တွင် ယာဉ် ၃စီး စုစုပေါင်း ၅စီး ရရှိခဲ့ပြီး ဧပြီ ၁၁ ရက်တွင် ကား ၈စီးထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

ထို​ကြောင့် စစ်ကောင်စီ၏ ယာဉ်တန်းမှ ယာဉ် ၁၃စီးသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကားတန်းတွင် ရိုးရိုးကုန်တင်ယာဥ် ၁၀ စီး​​ကျော်သာကျန်ရှိ​တော့​ကြောင်း၎င်းကရှင်းပြသည်။သို့​သော်သိမ်းဆည်းရရှိ​သောကားများမှာ အခွံများသာဖြစ်ပြီး စစ်တပ်က သယ်လာ​သော လက်နက်ခဲယမ်းနှင့် ရိက္ခာများကိုမူ မရရှိ​သေး​ကြောင်းသိရသည်။

(ဧပြီ ၁၁ ရက်တွင်ချင်းပူး​ပေါင်းတပ်က စစ်​ကောင်စီယာဥ်တန်းမှ သိမ်းဆည်းရရှိ​သော ကားများ။ဓါတ်ပုံ-CNF)
(ဧပြီ ၁၁ ရက်တွင်ချင်းပူး​ပေါင်းတပ်က စစ်​ကောင်စီယာဥ်တန်းမှ သိမ်းဆည်းရရှိ​သော ကားများ။ဓါတ်ပုံ-CNF)

ထို့အပြင် စစ်ကောင်စီတပ်သည်ယာဉ်တန်းတွင် တင့်ကား ၂ စီးမှ အပကျန်ယာဉ်များမှာ အရပ်သားပြည်သူများ၏ ကားများကို ချောဆွဲလာခြင်းဖြစ်သည်ဟုဆလိုင်းထက်နီက​ပြောဆက်သည်။

“ကျနော်တို့ ဒီနေ့ စစ်ကောင်စီထံကနေ ကျနော်တို့ မိုင်းနဲ့ တိုက်ခိုက်လို့ ပျက်စီးသွားတဲ့ကားပေါ့နော်အဲဒါ စစ်ကောင်စီက ကားပျက်စီးသွားလို့ ထားခဲ့တဲ့ကား ၈စီးပေါ့နော်။ ဒီနေ့အထိ ကျနော်တို့ရတာ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ကား ၁၃စီး တော့ ကျနော်တို့ ထိန်းထားလိုက်တယ်” ဟု ဆလိုင်းထက်နီက People’s Spring သတင်းဌာနသို့ပြောသည်။

ယနေ့ ရရှိခဲ့သည့် ယာဉ်များတွင် မြေတူးစက်တစ်စီးပါဝင်သည်ဟုသိရသည်။

“အဲဒီမှာ ပေပါပုံးတွေပေါ့။ အဲဒါတွေက အားလုံးယိုစီးသွားတာပေါ့။ အခွံတွေ ကတော့ ထားခဲ့တာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းနှင့် ဧပြီ ၁၁ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်မှုရှိကြောင်းလည်းသိရသည်။ထို့အပြင် ဟားခါးမြို့နယ် ဒေါထက်ရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆလိုင်းထက်နီက ရှင်းပြသည်။

“အဲဒါ တောင်ပေါ်မှာ တိုက်လေယာဉ် ၂စီး နဲ့ပစ်တယ်။ ပြီးတော့ MI-35 တစ်စီး ထပ်ပစ်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်က အထိအခိုက်တော့မရှိဘူးပေါ့။ ဒီနေ့မှာ တိုက်ပွဲဖြစ်တာရှိတယ်။ တိုက်ပွဲဖြစ်တာ အဲဒီမှာသူတို့ဘက်က ၈

ယောက်လောက်ထပ်ကျသွားတာပေါ့။ အဓိကတော့ ဒရုန်းနဲ့ ပစ်ချတာ၊ ပြီးတော့ သူတို့ ဆွဲမိုင်းထိတာရယ်ပေါ့နော်။ အဲဒါ အကျအဆုံးတော့ရှိတယ်။”ဟုဆလိုင်းထက်နီက ရှင်းပြ

သည်။

စစ်ကောင်စီယာဉ်တန်းသည် ဟားခါးမြို့နယ်ရှိ ချွန်ကျုံးရွာအဝင်ရှိ ပြည်သူလူထုနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။

“စစ်ယာဉ်တန်းကတော့ ချွန်ကျုံးပြီးရင် ဟားခါးရောက်တော့မယ်။ ဒါပေမဲ့ ၁၀ မိုင် ကျော်လောက်ဝေးသေးတယ်။ အဲဒီမှာ ဟားခါးကနေ သွားကြိုဖို့ စစ်ကူဆိုပြီးသွားတာ ဟားခါးမြို့အစွန်မြို့သစ်ရပ်ကွက်မှာ ကား ၇စီးတော့ ရပ်ထားတယ်။ အဲဒီကနေ ခြေလျင်နဲ့ တောလမ်းအတိုင်း သူတို့သွားတာ အဲဒါကို ကျနော်တို့ဘက်က ဒရုန်းနဲ့ တိုက်ခိုက်မှုလုပ်တယ် သူတို့ ရှေ့မတိုးနိုင်ဘူးပေါ့။ လာကြိုတဲ့ သူတွေ အထိ

အခိုက်ရှိမယ်လို့ ခန့်မှန်းတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၇ရက်တွင် စစ်ကိုင်းတိုင်း ကလေးမြို့မှ ထွက်ခွာလာရာတစ်လကျော်ကြာသည်အထိ ဟားခါးမြို့သို့ မရောက်သေးပေ။ လမ်းလျှောက်၌ချင်းအမျိုးသားတပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဆသဆုံးထိခိုက်မှုများသလိုကား ၁၃ စီးပျက်စီး၍ ထားခဲ့ရသည်။

“အဓိကကတော့ သူတို့(စစ်ကောင်စီ)ရဲ့ ရဲဘော်တွေ ကိုယ်တိုင် စိတ်ဓာတ်တော်တော်ကျတယ်လို့ သိရတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

(ဧပြီ ၁၁ ရက်တွင်ချင်းပူး​ပေါင်းတပ်က စစ်​ကောင်စီယာဥ်တန်းမှ သိမ်းဆည်းရရှိ​သော ကားများ။ဓါတ်ပုံ-CNF)