Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖိလစ်ပိုင်ရဲ့ မနီလာ မြို့တော်နားမှာ မီးအကြီးအကျယ်လောင်လို့ ကလေးတွေ အပါအဝင် ၇ ဦးသေ

ကလေးတွေ ပါဝင်တဲ့ မိသားစုဆိုရင် မီးကျွမ်းနေတဲ့ အလောင်းတွေ အချင်းချင်း ဖက်လျက်သား သေဆုံးနေတာကို ရင်နင့်စရာ ရှာတွေ့ခဲ့တာလို့ မီးသတ် တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဖိလစ်ပိုင်ရဲ့ မနီလာ မြို့တော်နားမှာ မီးအကြီးအကျယ်လောင်လို့ ကလေးတွေ အပါအဝင် ၇ ဦးသေ
This handout photo from Marikina Filipino-Chinese Fire Brigade Volunteers taken and received on April 9, 2023, shows fire volunteers putting out a fire in Taytay, Rizal. - Seven people including two children died in a fire on April 8 evening near the Philippines capital, police said. The fire destroyed 40 houses in the densely populated Taytay municipality southeast of Manila, police said on April 9. (Photo by HANDOUT / Marikina Filipino-Chinese Fire Brigade Volunteers / AFP) / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / Marikina Filipino-Chinese Fire Brigade Volunteers" - NO MARKETING NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS - NO ARCHIVE

ဖိလစ်ပိုင် နိုင်ငံရဲ့ မြို့တော် မနီလာနားမှာ အကြီးအကျယ် မီးလောင်မှု တခုကြောင့် ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဧပြီ ၈ ရက် ည သန်းခေါင်ကျော်နဲ့ ဧပြီ ၉ ရက် မနက်အစောပိုင်းက မနီလာတောင်ပိုင်း လူနေရပ်ကွက် တစ်ခုမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ တေတေး ရပ်ကွက်ထဲက မီးလောင်မှုကြောင့် အိမ်ခြေ ၄၀ ကျော် ပြာကျသွားပြီး ကလေး ၂ ဦး အပါအဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။

မီးလောင်တဲ့ ရပ်ကွက်မှာ အိမ်လေးတွေ ပြွတ်သိပ် တည်ဆောက်ထားပြီး ကျဉ်းမြောင်းရှည်လျားတဲ့ လမ်းသွယ်လေးတွေနဲ့ ဆက်သွယ် သွားလာနေရတာ ဖြစ်တာကြောင့် မီးကူးစက်တဲ့ အချိန်မှာ ဒေသခံတွေ ပိတ်မိပြီး အသက်ဆုံးရှုံးကုန်တာပါ။

သေဆုံးသူတွေထဲမှာ အသက် ၂ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေး ၂ ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။ ကံဆိုးသွားတဲ့ မိသားစုတွေဟာ ဘယ်လိုမှ ထွက်ပြေးလို့ မလွတ်နိုင်လောက်အောင် မီးဝိုင်းခံရပြီး ကိုယ်ကျိုးနည်းခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကလေးတွေ ပါဝင်တဲ့ မိသားစုဆိုရင် မီးကျွမ်းနေတဲ့ အလောင်းတွေ အချင်းချင်း ဖက်လျက်သား သေဆုံးနေတာကို ရင်နင့်စရာ ရှာတွေ့ခဲ့တာလို့ မီးသတ် တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မီးဘေးကြောင့် မိသားစု ၆၀ ကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့တယ်လို့လည်း သိရပါတယ်။ မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး ဝါယာရှော့ကနေ အစပြုတယ်လို့တော့ ရဲတွေက သံသယ ရှိနေကြပါတယ်။