Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်တွင် ရဲတပ်ရင်းမှ လက်နက်ကြီးပစ်ခတ်၍ (၁၂)အရွယ် မိန်းကလေးတစ်ဦးသေဆုံး၊ အဘွားအို တစ်ဦးဒဏ်ရာရ

ယနေ့ (ဧပြီ ၁၂ ရက်) နံနက် ၁နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမဘေးရှိ အမှတ်(၂၈)ရဲတပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရွှေပေကုန်းကျေးရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(အမှတ် (၂၈) ရဲတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)
(အမှတ် (၂၈) ရဲတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဥ်။ ဓာတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အမှတ်(၂၈)ရဲတပ်ရင်းမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ (၁၂)အရွယ်မိန်းကလေးတစ်ဦး သေဆုံးပြီး အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီ ၁၂ ရက်) နံနက် ၁နာရီခွဲခန့်က ယင်းမာပင်မြို့နယ်၊ မုံရွာ – ပုသိမ်လမ်းမဘေးရှိ အမှတ်(၂၈)ရဲတပ်ရင်းမှ (၁၂၀)မမ လက်နက်ကြီးဖြင့် ရွှေပေကုန်းကျေးရွာသို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ရွှေပေကုန်းရွာက ရဲတပ်ရင်းနဲ့ တစ်မိုင်လောက်ဝေးတယ်။ လက်နက်ကြီးက နေအိမ်တစ်လုံးပေါ်ကျပြီး အိမ်ထဲကလူတွေ အိပ်ပျော်နေတဲ့အချိန်ဖြစ်သွားတာ။”ဟု ဒေသခံတစ်ဦးကပြောသည်။

အလားတူ ယမန်နေ့ (ဧပြီ၁၁) ည ၇နာရီခန့်ကလည်း မုံရွာ – ပုသိမ်ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသူ လူငယ်တစ်ဦးအား အမှတ်(၂၈)ရဲတပ်ရင်းမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ပေါင်ကျည်ထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမှတ်(၂၈)ရဲတပ်ရင်းသည် အနီးဝန်းကျင်ကျေးရွာများသို့ သုံးညဆက် လက်နက်ငယ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။