Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးရွာဖြစ်စဉ် NUG ကာကွယ်ရေးဝန်ကြီး ရှင်းလင်း

NUG အစိုးရရဲ့စာရင်းအရ မနေ့က ဧပြီလ ၁၃ ရက်အထိ သေဆုံးသူ ၁၆၈ ဦးရှိပြီး အသက် ၁၃ နှစ်အောက်ကလေး ၂၅ ဦး ၊အသက်အရွယ်ခွဲခြားမရတဲ့ ကလေးငယ် ၁၀ဦး တို့ပါဝင်တယ်လို့သိရပါတယ်။

ပဇီကြီးရွာဖြစ်စဉ် NUG ကာကွယ်ရေးဝန်ကြီး ရှင်းလင်း
ပဇီကြီးရွာဖြစ်စဉ် NUG ကာကွယ်ရေးဝန်ကြီး ရှင်းလင်း

ပဇီကြီးရွာ ဖြစ်စဉ်ဟာ လျှို့ဝှက်အစည်းအဝေးကျင်းပတာမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဆောက်လုပ်ပြီးစီးလို့ ဧည်ခံကျွေးမွေးတဲ့ပွဲသာဖြစ်တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးက ရှင်းလင်းပြောဆိုလိုက်ပါတယ်။

ရွာထဲမှာ ခေတ်အဆက်ဆက်ရှိခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မြေကွက်လပ်ရှိတဲ့ ရွာစွန့်ရွှေ့ဆောက်ပြီး အညာဓလေ့ ၊ ရွာဓလေ့အတိုင်း ရွာနီးချုပ်စပ်တွေကိုပါ ဖိတ်ပြီး ဧည့်ခံကျွေးမွေးကြတယ်လို့ ကာကွယ်ရေးဝန်ကြီးက မနေ့က PDF ရဲဘော်တွေကို ရေဒီယိုမိန့်ခွန်းပြောရာမှာ ပဇီကြီးရွာဖြစ်စဉ်ကို ထည့်သွင်း အသိပေးတာပါ။

” ဒါဟာ လျှို့ဝှက်အစည်းအဝေး တခုမဟုတ်ဘူး။ ရပ်သိရွာသိ လူသိရှင်ကြားပြုလုပ်တဲ့ အစီအစဉ်တခုသာ ဖြစ်တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

အဲဒီပွဲကို ကလေးငယ်တွေ ၊သက်ကြီးရွယ်အိုတွေအပြင် အမျိုးသမီးတွေလည်း လာရောက်ကြတယ်လို့သိရပါတယ်။

ပဇီကြီးရွာဟာ စစ်အာဏာသိမ်းမှုလက်မခံဘဲ တိုက်ဖျက်တာကြောင့် အဲဒီရွာနဲ့ပတ်ဝန်းကျင်ဒေသတွေမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မရှိဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

ဒါပြင် စစ်ကောင်စီရဲ့ လုံခြုံရေးအထိုင်စခန်းမရှိတဲ့အပြင် စစ်ကြောင်းတွေလည်းမဝင်နိုင်တာကြာပြီလို့ သိရပါတယ်။

“စစ်ရေးပစ်မှတ် မဟုတ်ဘူးဆိုတာ သိသိနဲ့ စစ်တပ်အုပ်စိုးမှုကို လက်မခံတဲ့ ရွာတရွာအပေါ် အညှိးတကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာပဲ ဖြစ်တယ်” လို့ ဝန်ကြီး ဦးရည်မွန်က ဆိုပါတယ်။

ပဇီကြီးရွာဖြစ်စဉ်ဟာ နွေဦးတော်လှန်ရေး ကာလတလျောက် အသေအပျောက်အများဆုံးနဲ့ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံးဖြစ်တယ်လို့ ဝန်ကြီး ဦးရည်မွန်က PDF ရဲဘော်တွေကို အသိပေးပါတယ်။

NUG အစိုးရရဲ့စာရင်းအရ မနေ့က ဧပြီလ ၁၃ ရက်အထိ သေဆုံးသူ ၁၆၈ ဦးရှိပြီး အသက် ၁၃ နှစ်အောက်ကလေး ၂၅ ဦး ၊အသက်အရွယ်ခွဲခြားမရတဲ့ ကလေးငယ် ၁၀ဦး တို့ပါဝင်တယ်လို့သိရပါတယ်။