Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ချိုးဖောက်မှုများ တာဝန်ခံမှုရှိစေရေးပါဝင်သည့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ပံ့ပိုးလုပ်ဆောင်ရန် အမေရိကန်တောင်းဆို

မကြာသေးမီက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုအပြီး အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခု၌တွေ့ရစဥ်)
(ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခု၌တွေ့ရစဥ်)

▪️စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု လုံခြုံရေးကောင်စီတွင် ဆွေးနွေး

မြန်မာစစ်ကောင်စီကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ချိုးဖောက်မှုများကို တာ၀န်ခံမှုရှိစေရေးပါဝင်သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို အမှတ်(၂၆၆၉)ကို အပြည့်အဝအကောင် အထည်ဖော်မှုကို ကောင်စီက ပံ့ပိုးရမည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ယမန်နေ့တွင် ထုတ်ပြန်သည်။

မကြာသေးမီက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးမှုအပြီး အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ယခုနောက်ဆုံးလေကြောင်းတိုက်ခိုက်မှုကိို အမေရိကန်က ပြစ်တင်ရှုတ်ချပြီး ယင်းလုပ်ရပ်သည် စစ်ကောင်စီ၏ လူသားဘဝနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများကို လျစ်လျူရှုသည့် နောက်ထပ် ဥပမာဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုပုံစံအားလုံးကို ရပ်တန့်ရန်၊ လူသားချင်းစာနာမှုအကူအညီကို အဟန့်အတားမရှိ ခွင့်ပြုရန်၊ မြန်မာပြည်သူများ၏စစ်မှန်ပြီး အားလုံးပါဝင်သော ဒီမိုကရက်တစ်ဆန္ဒများကို လေးစားရန် အမေရိကန်က ထပ်လောင်းတောင်းဆိုသည်။ စစ်ကောင်စီအနေဖြင့် အရပ်သားပြည်သူများကို ကာကွယ်ပေးရေးအပါအဝင် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေအောက်ရှိ လိုက်နာရမည့်တာ၀န်များကို ကျင့်သုံးလိုက်နာမည်ဟု သတိပေးသည်။

အမေရိကန်သည် အာဆီယံအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အခြားကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဒေသတွင်းမိတ်ဖက်များနှင့်အတူတကွ လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်ပြီး အားလုံးပါဝင်သော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်ရေးနှင့် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးများကို ပံ့ပိုးကူညီရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုသည်။