Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတာရှည်တွင် KNLA/PDFပူးပေါင်းတပ် တိုက်ခိုက် မှုကြောင့် အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးမှုများ

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် တပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိကြောင်း နောက်ဆက်တွဲ ရရှိသော သတင်းများအရ သိရသည်ဟု ထုတ်ပြန်သည်။

(၃၅၀၁) တပ်ခွဲ(၄)နှင့် KNLA မှ ရဲဘော်များအားတွေ့ရစဉ်။ဓာတ်ပုံ - Gettyimages၊ PDF (3501)
(၃၅၀၁) တပ်ခွဲ(၄)နှင့် KNLA မှ ရဲဘော်များအားတွေ့ရစဉ်။ဓာတ်ပုံ - Gettyimages၊ PDF (3501)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၂၀ကျော်သေဆုံးခဲ့သည်ဟု ရေတာရှည် မြို့နယ် အခြေစိုက် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ(၄)က သတင်းထုတ်ပြန်သည်။

ဧပြီ ၄ရက်က တော်လှန်ရေးအင်အားစုများ နေရာယူထားသည့် မိချောင်းအိုင်ကျေးရွာအုပ်စု ကျောက်ပုံရွာမြောက်ဘက် တရုတ်ကုန်းနေရာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို တပ်ရင်း (၃၅၀၁) တပ်ခွဲ ၃/၄/၆၊ တပ်ရင်း (၃၅၀၂)၊ တပ်ရင်း (၃၆၀၂)နှင့် KNLA တပ်မဟာ (၂)တပ်ရင်း (၅) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

(၃၅၀၁) တပ်ခွဲ(၄)နှင့် KNLA မှ ရဲဘော်များအားတွေ့ရစဉ်။ဓာတ်ပုံ - Gettyimages၊ PDF (3501)
(၃၅၀၁) တပ်ခွဲ(၄)နှင့် KNLA မှ ရဲဘော်များအားတွေ့ရစဉ်။ဓာတ်ပုံ – Gettyimages၊ PDF (3501)

မိချောင်းအိုင်ကျေးရွာအုပ်စု၊ ရွှေသောင်ရွာဟောင်းမှတဆင့် စစ်တောင်းမြစ်ကမ်းပါးအတိုင်း အင်အား ၁၀၀ခန့်ဖြင့် လာရောက်သည့် စစ်ကြောင်းသည် ရွှေသောင်ရွာဟောင်းမှ ပြည်သူ ၁၀ဦးကို လူသား ဒိုင်းအဖြစ်အသုံးပြုချီလာစဉ် တော်လှန်ရေးအင်အားစုများက သေနတ်ပစ်ဖောက်ကာ ဗျူဟာလမ်း အရှေ့ဘက်အခြမ်းသို့ ဆုတ်ခွာပေးခဲ့ကြောင်း၊ စစ်ကောင်စီတပ်များ တရုတ်ကုန်းသို့ တက်လာစဉ် လူသားဒိုင်းအဖြစ် ခေါ်လာသည့် ပြည်သူများ ပြန်လည်လွတ်မြောက်သွား၍ ယင်းစစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းပိတ်ဆို့ညှပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ၇နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးခြင်း၊ ညနေပိုင်း၌ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခြင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် တပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ပြီး ၁၀ဦးခန့် ဒဏ်ရာရရှိကြောင်း နောက်ဆက်တွဲ ရရှိသော သတင်းများအရ သိရသည်ဟု ထုတ်ပြန်သည်။

တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ KNLA/PDF ပူးပေါင်းတပ်ဖွဲ့သည် ဧပြီ ၁ရက် နေ့လယ်ပိုင်းကလည်း ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ရွာ အနီး တပ်စွဲထားသည့် စစ်ကောင်စီ ဂိတ်စခန်းအား တိုက်ခိုက်ခဲံရာ စစ်ကောင်စီတပ်မှ ၆ဦး သေဆုံးခဲ့ကြောင်း တပ်ရင်း (၃၅၀၁) တပ်ခွဲ(၄)က သတင်းထုတ်ပြန်ထားသည်။