Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် စစ်ကောင်စီတပ်ကို GPSပါ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများသည် ယနေ့ (ဧပြီလ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် ခရီးသွားများအား ငွေတောင်းပြီး စခန်းရှေ့တွင် သောက်စားကခုန်ခဲ့သည်။

(တိုက်ခိုက်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Zero)
(တိုက်ခိုက်ခဲ့သည့် Zero ပြောက်ကျားတပ်ဖွဲ့ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Zero)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ တပ်စွဲထားသော စစ်ကောင်စီတပ်ကို GPSပါ လက်နက်ကြီးများဖြင့် ၁နာရီအတွင်း နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးကြောင်း ZERO ပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သား၊ ရဲနှင့် ပျူစောထီးများသည် ယနေ့ (ဧပြီလ ၁၅ ရက်) သင်္ကြန်အကြတ်နေ့တွင် ခရီးသွားများအား ငွေတောင်းပြီး စခန်းရှေ့တွင် သောက်စားကခုန်ခဲ့သည်။

အဆိုပါ စစ်အုပ်စုကို ညနေ၃ နာရီ ၄၅မိနစ်တွင် ပထမအကြိမ် GPS စနစ်ပါ (၈၀) မမဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၈ ဦးအနက် ၇ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

စခန်းကို ညနေ ၅ နာရီ ၁၅မိနစ်ခန့်တွင် GPS စနစ်ပါ (၄၀) မမ နှစ်လုံး၊(၈၀) မမ တစ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ဘန်ကာပေါ်ကျရောက်ပြီး ငါးဦးသေဆုံးကာ သုံးဦးဆေးရုံပို့လိုက်ရကြောင်း ကိုသက်ကြီးက ဆိုသည်။

Public Service Announcement
Public Service Announcement

“သူတို့ဂိတ်ရဲ့ဘန်ကာအနီးမှာ ၁၈ ကောင်ကနေတာ။ သူတို့အလယ်တည့်တည့်ကိုကျတယ်။ ကျတဲ့အချိန်မှာ ပေါက်ကွဲသွားတယ်။ ပေါက်ကွဲသံကြီးကလည်း ဟိန်းနေတာပဲ။ ၇ကောင်လဲသွားပြီး ၅ကောင်ကိုအတွင်းထဲဆွဲသွားတယ်။ပြင်းအားက တအားများတယ်။ ညနေမှာ စခန်းအပေါ် ဘန်ကာဆောက်ထားတဲ့နေရာကို သူတို့တက်သွားချိန် ထပ်ပစ်ခဲ့တာပါ။”ဟု ကိုသက်ကြီးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ် ဖွဲ့(မြင်းခြံ)၊တပ်ရင်း(၇)၊မြင်းခြံခရိုင်နှင့် နဂါးနီတပ်ရင်း၊တပ်ရင်း(၁)၊ ကျောက်ဆည်ခရိုင် တို့က ကန့်ဘလူ၊ ပဇီကြီးကျေးရွာ သတ်ဖြတ်မှုများအတွက် လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ သင်္ကြန်အကျနေ့ကလည်း စစ်ကိုင်းမြို့ ကမ်းနားလမ်းရှိ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်သားများက ရမ်းသမ်းပစ်ခဲ့၍ ရေကစားသူပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်။