Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မ​ကောင်းသတင်း​ကျော်​ဇောမှု​တွေနဲ့Time မဂ္ဂဇင်းရဲ့သတင်းလူသားပုဂ္ဂိုလ် ၁၀၀ စာရင်းမှာပါလာတဲ့ မင်း​အောင်လှိုင်

ဒီလိုမျိုးအဆိပ်အတောက် ပြင်းထန်ပြီး သန်းနဲ့ချီ များပြားတဲ့ ဘဝတွေကို ဆိုးကျိုး သက်ရောက်စေခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မင်းအောင်လှိုင်ကို Time မဂ္ဂဇင်းက သတင်းအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

▪︎ဒီမိုကရေစီလမ်းကြောင်းပေါ်မှာစတင်အရှိန်ရနေတဲ့ မြန်မာနိုင်ငံဟာ မင်းအောင်လှိုင်ရဲ့ လက်ချက်ကြောင့် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အဆိုးရွားဆုံး အာဏာရှင် အုပ်ချုပ်မှု စနစ်အောက် ပြန်လည် ကျရောက်။ မြန်မာထက်ဆိုးတာ အာဖဂန်နစ္စတန်ပဲရှိဟု​ရေးသား​ဖော်ပြ

၂၀၂၃ ခုနှစ်အတွက် Time မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ သတင်းအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦး စာရင်းမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာသူရဲ့ နာမည်ဆိုးနဲ့​ကျော်​ဇောမှု​တွေ​ကြောင့် ပါဝင်လာခဲ့ပါတယ်။

ကောင်းသတင်း ကျော်ဇောမှုအတွက် စာရင်းထဲ ထည့်ခံရတာမျိုးမဟုတ်ဘဲ မ​ကောင်းသတင်းနဲ့ ​ကျော်​ဇောမှု​တွေ​ကြောင့် ဖြစ်ပါတယ်။ဒီလူပုဂ္ဂိုလ် ၁၀၀ စာရင်းဝင်သူအများစုက ​ကောင်းသတင်းနဲ့ သက်​ရောက်မှု​တွေ​ကြောင့် ​ရွေးချယ်ခံရတာဖြစ်​ပေမယ့် အာဏာသိမ်း​ခေါင်း​ဆောင်က​တော့ သတင်းဆိုး​တွေနဲ့စာရင်းဝင်သွားတာပါ။

အသက် ၆၆ နှစ်အရွယ် စစ်ခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ၅၄ သန်းသော ပြည်သူတွေကို ဒုက္ခဆင်းရဲတွေ ယူဆောင်ပေးခဲ့လို့ ကမ္ဘာတလွှားမှာ နေ့ချင်းညချင်း နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

မတ်လ ၂၇ ရက်က တော်လှန်ရေးနေ့ အခမ်းအနားမှာ သူဟာ ဒီမိုကရေစီရေးအတွက် တော်လှန် လှုပ်ရှားနေတဲ့ အင်အားစုတွေကို ချေမှုန်းသုတ်သင်သွားမယ်လို့ ကြွေးကြော်ခဲ့ပြီး နောက်ထပ်လည်း သွေးချောင်းစီးတဲ့ အကြမ်းဖက်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ အရပ်သား ပစ်မှတ်တွေကိုလေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ရွာလုံးကျွတ် မီးရှို့တာစတဲ့ အော့နှလုံးနာစရာ ရာဇဝတ်မှုတွေကို မြိန်ရည်ယှက်ရည် ဆက်လက် ကျူးလွန်နေပါတယ်။

သူဟာအဓမ္မအာဏာမသိမ်းခင်ကတည်းက ရိုဟင်ဂျာတွေကို လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ မင်းအောင်လှိုင်ရဲ့ ကြမ်းကြုတ်မှု၊ တစ်ယူသန်မှု၊ အညှာအတာကင်းမှု၊ အာဏာရမ္မက်ကြီးမှုတွေက ပိုပြီး အထင်အရှား ပေါ်ပေါက်လာပါတယ်။

ဒီမိုကရေစီလမ်းကြောင်းပေါ်မှာစတင်အရှိန်ရနေတဲ့ မြန်မာနိုင်ငံဟာ မင်းအောင်လှိုင်ရဲ့ လက်ချက်ကြောင့် ကမ္ဘာပေါ်မှာ ဒုတိယမြောက် အဆိုးရွားဆုံး အာဏာရှင် အုပ်ချုပ်မှု စနစ်အောက် ပြန်လည် ကျရောက်သွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက Economist Intelligence Unitရဲ့ ဒီမိုကရေစီ ညွှန်ကိန်းတွေ ထုတ်ပြန်ချက်အရ မြန်မာထက် အခြေအနေ ဆိုးရွားတာ တာလီဘန်တွေ အုပ်ချုပ်နေတဲ့ အာဖဂန် နစ္စတန် တစ်နိုင်ငံ ရှိတော့တယ်လို့ သိရပါတယ်။