Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့​သောင်းတွင်ပျူခေါင်းဆောင်နှစ်ဦးကိုPDFများတိုက်ခိုက်ပြီးလက်နက်ခဲယမ်းများသိမ်းဆည်း

ပုလဲစစ်​ကြောင်းတိုက်ခိုက်ခံရပြီး ရက်​ပေါင်း ၄၀ ​ကျော်ကြာချိန် ဧပြီ ၁၆ ရက်ကဆိတ်ဖူးကျေးရွာသို့ လက်နက်ကိုင် အင်အား ၄၀ခန့်က ခေါင်းစွပ်အမဲဝတ်ဆင်ပြီး လာရောက်၍ အထက်ပါပျူ ခေါင်း​ဆောင်နှစ်ဦး၏ အိမ်များအားလက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

(ပျူ​ခေါင်း​ဆောင်နှစ်ဦးထံမှ သိမ်းဆည်းရရှိ​​​သော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-​ကော့​သောင်းPDF)
(ပျူ​ခေါင်း​ဆောင်နှစ်ဦးထံမှ သိမ်းဆည်းရရှိ​​​သော လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ။ဓါတ်ပုံ-​ကော့​သောင်းPDF)

▪︎မတ်လဆန်းကဝိုင်ဒင်းရွာPDF စစ်​ကြောင်းစီးနင်းခံရမှုတွင်ယခုပျူ​ခေါင်​ဆောင်နှစ်ဦးကဦး​ဆောင်ခဲ့ဟုဆို

ကော့သောင်းခရိုင်၊ ခ​မောက်ကြီးမြို့နယ်၊ ဆိတ်ဖူးကျေးရွာမှ စစ်ကောင်စီလက်​​အောက်ခံပျူ​စောထီးခေါင်းဆောင်နှစ်ဦးကို ယမန့်(ဧပြီ ၁၆ ရက်) ညနေပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရှင်းလင်းပြီး လက်နက်ခဲယမ်းများပါသိမ်းဆည်းရရှိကြောင်းကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက​ပြောသည်။

ပျူစောထီး​ခေါင်း​ဆောင်ကျော်ဝင်းနှင့်ဒုခေါင်းဆောင်းမြင့်အောင်တို့ကို ယမန့်နေ့ညနေ ၄နာရီခန့်က PDFများကဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ဖြစ်သည်ဟု အဆိုပါအဖွဲ့နှင့်​ဒေသခံများက​ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်ကခမောက်ကြီးမြို့၊ဝိုင်ဒင်းရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပုလဲစစ်ကြောင်းကိုပျူစောထီးနှင့် စစ်ကောင်စီတပ်များကတိုက်ခိုက်စီးနင်းရာတွင် ​ကျော်ဝင်းနှင့်မြင့်​အောင်တို့ နှစ်ဦးက ဦးဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကပြောသည်။

Public Service Announcement
Public Service Announcement

ဝိုင်းဒင်းရွာတွင် PDF များစီးနင်းတိုက်ခိုက်ခံရစဥ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့သည်။

ပုလဲစစ်​ကြောင်းတိုက်ခိုက်ခံရပြီး ရက်​ပေါင်း ၄၀ ​ကျော်ကြာချိန် ဧပြီ ၁၆ ရက်ကဆိတ်ဖူးကျေးရွာသို့ လက်နက်ကိုင် အင်အား ၄၀ခန့်က ခေါင်းစွပ်အမဲဝတ်ဆင်ပြီး လာရောက်၍ အထက်ပါပျူ ခေါင်း​ဆောင်နှစ်ဦး၏ အိမ်များအားလက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

“ဦးမြင့်အောင်ကခေါင်းမှာသေနတ်မှန်ပြီးသေတာ။ဦးကျော်ဝင်းက လည်ပင်း၊ ခေါင်းနဲ့ ရင်ညွန့်မှာ မှန်ပြီးသေတာ။”ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးကPeople’s Spring သတင်းဌာနသို့ ပြောသည်။

၎င်းတို့ နှစ်ဦးကို ရှင်းလင်းပြီးနောက် Ak-47 နှစ်လက်၊ ကျည် တစ်ရာ၊ ၉ မမ ပစ္စတိုတစ်လက်၊ ကျည်ကာ၄ ထည်၊ ယူနီဖောင်း နှစ်စုံ၊ ဂတ်စ် သေနတ် တစ်လက်၊ ကျည်ဘောက် ၅ခုနှင့် ဓားများ နှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိသည်ဟု ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိဘဲ အောင်မြင်သွာဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ခိုက်မှု​ဖြစ်ပြီး​နောက် ​ဒေသခံများသည် ထိုင်းနယ်စပ်သို့ထွက်​ပြေးတိမ်း​ရှောင်လာကြ​ကြောင်း ထိုင်းနိုင်ငံဘက်မှ သတင်းဌာနများက​ဖော်ပြသည်။ မတ်လတွင် ကော့သောင်းခရိုင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့စဥ်ကလည်း ​ဒေသခံပြည်သူများမှာထိုင်းဘက်ခြမ်းသို့ထွက်​ပြေးတိမ်း​ရှောင်ခဲ့ကြသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအနေဖြင့်ပြည်သူနှင့်အတူအမြန်ဆုံးပူးပေါင်းကြရန်နှင့် စစ်ကောင်စီ ထောင့်တိုင်များကိုဆက်လက်ချေမှုန်းသွားမည်ဟုလည်း ကော့သောင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတိ​ပေးထားသည်။