Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရပ်သားသုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည့် ပန်းပါရွာ လေကြောင်းတိုက်ခိုက်ခံရမှု ဓာတ်ပုံမှတ်တမ်း CDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာအဖွဲ့များက အရေးယူအပြစ်ပေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

(ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်၊တိုက်နယ် (၁)ပန်းပါ ကျေးရွာအတွင်းလေကြောင်းတိုက်ခိုက်သည့် မှတ်တမ်းများ။ဓာတ်ပုံ - CDF-Mindat - သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန)
(ယမန်နေ့က အကြမ်းဖက်စစ်ကောင်စီမှ မင်းတပ်မြို့နယ်၊တိုက်နယ် (၁)ပန်းပါ ကျေးရွာအတွင်းလေကြောင်းတိုက်ခိုက်သည့် မှတ်တမ်းများ။ဓာတ်ပုံ - CDF-Mindat - သတင်းပြန်ကြားရေး နှင့်မှတ်တမ်းဌာန)

ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအသက် ဆုံးရှုံးခဲ့ရသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ် ပန်းပါရွာလေကြောင်း တိုက်ခိုက်ခံရမှု ဓာတ်ပုံမှတ်တမ်းကို မင်းတပ် ချင်းကာကွယ်ရေးတပ် (CDF)က ယနေ့ ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ (ဧပြီ ၁၆ ရက်) ညနေပိုင်းက ပန်းပါရွာကို တိုက်လေယာဉ်ဖြင့် ၆ကြိမ်၊ ဗုံး ၁၇လုံး ကြဲချတိုက်ခိုက်ခဲ့၍ အသက် (၄)နှစ် အရွယ်ကလေးငယ်တစ်ဦး၊ အသက်(၇၀)အရွယ် အဘွားအိုတစ်ဦးနှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၆ ဦးထက်မနည်းရှိခဲ့သည်။

“ရွာထဲမှာ ဗုံးတွေ ပြစ်ချတာကွာ ဒီမှာ စကစတွေက” ဟု ဒေသခံ၏ ပြောကြားချက်ကို မင်းတပ် CDFက ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်း၌ ကြားရပြီး လူသေဆုံးမှုနှင့် နေအိမ်ပျက်စီးမှုများကို တွေ့ရသည်။

ယနေ့ညပိုင်း၌ ထပ်မံထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းတွင် တိုက်လေယာဉ်မှ ဗုံးကြဲ ပစ်ခတ်ခဲ့မှုကို တွေ့ရသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ပန်းပါရွာ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ရပ်အပေါ် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် CNF/CAN က ကြေညာချက် ထုတ်ပြန်ခဲ့ရာ ယင်းတိုက်ခိုက်မှုသည် စစ်ကောင်စီ၏ ချင်းလူမျိုးများအပေါ် အစုလိုက် အပုံလိုက် သတ်ဖြတ်ခြင်းဖြစ်၍ အပြင်းအထန် ရှုတ်ချကြောင်း ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာအဖွဲ့များက အရေးယူအပြစ်ပေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုထားသည်။