Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးကုတ်ဒေသရှိ PDF တပ်ရင်း၊ တပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့ကြောင်း NUG ကာကွယ်ရေး အသိပေး

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်တင်မည်ဟု အသိပေးကြေညာထားသည့်နှင့်အညီ လက်နက်တပ်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD-NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD-NUG)

▪️လက်နက်တပ်ဆင်မှုအရှိန်မြှင့်မည်ဟု အသိပေး

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၆) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၏ မိုးကုတ်ဒေသရှိ တပ်ရင်းတပ်ဖွဲ့များကို လက်နက်တပ်ဆင် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ - MOD-NUG)
(ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မိုးကုတ် ဒေသ တပ်ရင်းတပ်ဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးနေစဉ်။ ဓာတ်ပုံ – MOD-NUG)

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် PDF၏ တပ်ရင်းတပ်ဖွဲ့များအား လက်နက်တပ်ဆင်ခြင်းကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ တပ်ဆင်ပေးအပ်လျက်ရှိ ကြောင်းနှင့်လက်နက်တပ်ဆင်မှုများအား ဆက်လက်အရှိန်မြှင့် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement
Public Service Announcement

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် နိုင်ငံတဝန်း စစ်ရေးအရှိန်မြှင့်တင်မည်ဟု အသိပေးကြေညာထားသည့်နှင့်အညီ လက်နက်တပ်ဆင်မှုများလည်း လုပ်ဆောင်လျက်ရှိသည်။

ယခုနှစ်တွင် မိုးကုတ်ဒေသနှင့် ဆက်စပ်ဒေသများ၌ PDF တပ်ရင်းတပ်ဖွဲ့များက စစ်ဆင်ရေးများ ဆောင်ရွက်လျက်ရှိရာ စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။