Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်နယ် မန်ကျည်းကန်ရွာအား စစ်ကောင်စီတပ် လေကြောင်းမှ ထပ်မံတိုက်ခိုက်

စစ်ကောင်စီတပ်သည် မန်ကျည်းကန်ကျေးရွာ ဆေးရုံအား ယမန်နေ့နံနက်ပိုင်းကလည်း Mi-35 ဖြင့်ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့သေးသည်။

မြိုင်နယ်တွင် ဖျက်ဆီးခံလိုက်ရသော ဆေးရုံနှင့် လူနေအိမ်များ၊ မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)

▪️လူငယ်တစ်ဦးသတ်ဖြတ်ခံရပြီး ဒေသခံပြည်သူ ၁၄ဦးအား ဖမ်းဆီးခေါ်ဆောင်သွား

မကွေးတိုင်း၊ မြိုင်မြို့နယ် မန်ကျည်းကန်ကျေးရွာရှိ ဆေးရုံကို အကြမ်းဖက်စစ်​ကောင်စီတပ်က Mi-35ဖြင့် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူငယ်တစ်ဦးသတ်ဖြတ်ခံရကာ ဒေသခံပြည်သူ ၁၄ဦးအား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဧပြီ ၁၉ရက်)နေ့လည် ၁၂နာရီခန့်က စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာရှိ ဆေးရုံကို Mi-35ဖြင့် ပစ်ခတ်ပြီး ဆေးရုံနှင့် ဒေသခံပြည်သူများ၏ နေအိမ် လေးလုံး၊ ကား နှစ်စီး၊ဆိုင်ကယ် လေးစီးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မြိုင်နယ်တွင် ဖျက်ဆီးခံလိုက်ရသော ဆေးရုံနှင့် လူနေအိမ်များ၊ မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)
မြိုင်နယ်တွင် ဖျက်ဆီးခံလိုက်ရသော ဆေးရုံနှင့် လူနေအိမ်များ၊ မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – နွေဦးတော်လှန်ရေး(မြိုင်)

“မန်ကျည်းကန်ရွာကို မနက် ၁၁ နာရီကျော်ကျော်လောက်မှာ Mi-35 စဝဲပြီး ၁၁ နာရီ မိနစ် ၅၀ လောက်မှာ ထပ်ပစ်တယ်လို့ သိရတယ်။”ဟု ဒေသတွင်းပြည်သူများ ကူညီပေးနေသည့် We Love Myaingအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် မန်ကျည်းကန်ကျေးရွာအနီးတွင် အသက် (၁၆)နှစ်အရွယ် (၉)တန်းကျောင်းသားတစ်ဦးကိုလည်း သတ်ဖြတ်သွား၍ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြိုင်နယ်တွင် ဖျက်ဆီးခံလိုက်ရသော ဆေးရုံနှင့် လူနေအိမ်များ၊ မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)
မြိုင်နယ်တွင် ဖျက်ဆီးခံလိုက်ရသော ဆေးရုံနှင့် လူနေအိမ်များ၊ မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – နွေဦးတော်လှန်ရေး(မြိုင်)

ဖမ်ဆီးခံ ပြည်သူများများအနက်မှ ၁၄ဦးအား ဓားစာခံအဖြစ် ခေါ်ဆောင်သွားကြောင်း၊ ကျေးရွာအတွင်းရှိ နေအိမ်များအား ဝင်ရောက်ဖျက်ဆီးကာ ရွှေထည်ပစ္စည်းများ၊ပိုက်ဆံများအပြင် ဖမ်းဆီးခံပြည်သူများ၏ ဖုန်းအလုံး ၁၀၀ကျော်လည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

မြိုင်နယ်တွင် ဖျက်ဆီးခံလိုက်ရသော ဆေးရုံနှင့် လူနေအိမ်များ၊ မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး(မြိုင်)
မြိုင်နယ်တွင် ဖျက်ဆီးခံလိုက်ရသော ဆေးရုံနှင့် လူနေအိမ်များ၊ မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – နွေဦးတော်လှန်ရေး(မြိုင်)

အဆိုပါ စစ်ကြောင်းသည် မန်ကျည်းကန်ကျေးရွာမှ အရှေ့တောင်ဘက်သို့ ထွက်ခွာကာ ကန်နီ(ပျူစောထီး)ရွာသို့ ရောက်ရှိသွားကြောင်း သိရသည်။