Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပဇီကြီးရွာအနီး တိုက်ပွဲငယ်ဖြစ်ပွား

စစ်ကောင်စီတပ်သည် ဧပြီလ ၁၁ ရက် နံနက်က ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ နှင့် အလှူကို​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၆၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။

(ပဇီကြီးရွာ အနီးဝန်းကျင်ကို ​Google Mapမြေပုံတွင်​တွေ့ရမှု)
(ပဇီကြီးရွာ အနီးဝန်းကျင်ကို ​Google Mapမြေပုံတွင်​တွေ့ရမှု)

▪︎ပဇီကြီးရွာအနီးရှိ ​လေးတွင်းစင်ရွာကိုစစ်တပ်က မီးရှို့ ၊ပြည်သူအနည်းဆုံး ၂ ဦးကိုဖမ်းဆီးထား

ပဇီကြီးရွာအနီး လေးတွင်းစင်ရွာတွင်စစ်ကောင်စီတပ်နှင့် ​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်း​ဒေသခံများက​ပြောသည်။

“စစ်ကြောင်းက ပဇီကြီးကနေ လေးတွင်စင်အရှေ့ခြမ်းမှာ တစ်ညအိပ်တယ်။ ဒီနေ့ နေ့ခင်းမှာ ရွာကို လက်နက်ကြီးနဲ့ ပစ်ပြီးမှ ဝင်တာ။ ကာကွယ်ရေးအဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တယ်” ဟု ဒေသခံတစ်ဦးကပြေသည်။

တိုက်ပွဲမှာအချိန်အနည်းငယ်သာကြာခဲ့ပြီးတိုက်ပွဲတွင် ထိခိုက်ကျဆုံးမှုအ​ခြေအ​​နေကိုမူ​မသိရသေးပေ။

ဧပြီ ၂၂ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့​သော​နေရာအနီးရှိ လေးတွင်းစင်ရွာသည် ပဇီကြီးရွာနှင့် တစ်မိုင်ခန့်သာကွာ​​ဝေးသည်။စစ်တပ် စစ်ကြောင်းထိုးနေ‌​သောကြောင့် ပဇီကြီးရွာကဲ့သို့ ဒေသခံပြညိသူများ ရွာလုံးကျွတ်ထွက်ပြေးတိမ်း​ရှောင်နေရသည်။ ဧပြီ ၁၁ရက်နေ့က စစ်ကောင်စီက ပဇီကြီးရွာ ပြည်သူ့အုပ်ချုပ်ရေးရုံးအလှူတွင် စစ်တပ်ကလေကြောင်းမှတိုက်ခိုက်ခဲ့စဉ် လေးတွင်းစင်ရွာမှ ကိုစိုးနိုင်၊ ကိုဇော်လင်း၊ ဦးသိန်းထွန်းနှင့်ကိုနိုင်လင်းတို့လည်း သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

ဧပြီ ၂၂ ရက်တွင် စစ်တပ်စစ်​ကြောင်းသည် ​ဒေသခံပြည်သူနှစ်ဦးထက်မနည်းကိုဖမ်းဆီးသွားပြီး ​လေးတွင်းစင် ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်းလည်း​ဒေသခံများက​ပြော သည်။ဖမ်းဆီးခံရသူများသည် သတ်လက်ပိုင်းအရွယ်အမျိုးသားများဖြစ်​ကြောင်းသိရသည်။

စစ်တပ်စစ်ကြောင်းသည် ယ​နေ့ညနေပိုင်းတွင် ထန်းတောရွာဘက်သို့ ထွက်ခွာသွားကြောင်း လည်းသိရသည်။

ပဇီကြီးရွာနှင့် ပတ်၀န်းကျင်ကို ယမန်နေ့(ဧပြီလ၂၀ရက်) နံနက်ကစ၍ စစ်ကောင်စီတပ်က မြေပြင်မှ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည်။ ဧပြီ ၂၀ ရက်နံနက်တွင် ထန်းတောရွာမှ အသက် ၇၀အရွယ်ခန့်ဦး‌မောင်ကိုလေးနှင့် ဦးတင်မြင့်တို့ နှစ်ဦးကို စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်သွားသည်။

ထို​နောက် ဧပြီ ၂၀ ရက် မွန်းလွဲ ၂နာရီ ခွဲခန့်တွင် ပဇီကြီးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချကာ စက်သေနတ်များဖြင့်လည်း ပစ်သွားကြောင်း စစ်ဘေးရှောင်များကပြောသည်။မြေပြင်တွင်လည်း စစ်ကောင်စီကစစ်ကြောင်း နှစ်ကြောင်းခွဲပြီး တောနင်းနေ၍ ပဇီကြီး၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်း​ဒေသခံများက​ပြောသည်။

စစ်ကောင်စီတပ်သည် ဧပြီလ ၁၁ ရက် နံနက်က ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ နှင့် အလှူကို​လေ​ကြောင်းမှဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၆၈ ဦးသေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားသည်။