Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် Happy KTV တွင်ဗိုလ်မှူးအပါအဝင်စစ်​တပ်အရာရှိသုံးဦးကိုမြို့ပြ​ပြောက်ကျားအဖွဲ့ကပစ်ခတ်ရှင်းလင်း

စစ်ကောင်စီအရာရှိသုံးယောက်ကိုဖားကန့်မြို့၊ မရှိကတောင်ရပ်ကွက်ရှိ Happy KTV တွင် ယနေ့( ဧပြီလ ၂၃ရက်) နံနက် ၄နာရီခန့်က ပစ်ခတ်ရှင်းလင်းခံရခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

(ဖားကန့် Happy KTV ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဖားကန့်KTV ​ဖေစ်ဘွခ်)
(ဖားကန့် Happy KTV ကို​တွေ့ရစဥ်။ ဓါတ်ပုံ-ဖားကန့်KTV ​ဖေစ်ဘွခ်)

▪︎အတူသီချင်းဆို​​နေ​သောလုပ်ငန်းရှင်နှစ်ဦးပါ​သေဆုံးဟု​ဒေသခံအချို့​ပြော

ဖားကန်မြို့ Happy KTV တွင် ယနေ့နံနက်အစောပိုင်းက အရပ်ဝတ်ဖြင့် သီချင်းဆိုနေသည့် ဗိုလ်မှုးတစ်ဦးအပါအဝင် စစ်ကောင်စီအရာရှိသုံးဦးကို မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။

” စစ်တပ်ကအရာရှိ ကျော်စိုးအပါအဝင် သုံးယောက် KTV မှာလာပျော်ပါးနေတာ။ ရှင်းလင်းလိုက်တယ်။ ဒီမနက်ပဲ” ဟုဖားကန့်မြို့ဒေသခံ တော်လှန်ရေးအင်အားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီအရာရှိသုံးယောက်ကိုဖားကန့်မြို့၊ မရှိကတောင်ရပ်ကွက်ရှိ Happy KTV တွင် ယနေ့( ဧပြီလ ၂၃ရက်) နံနက် ၄နာရီခန့်က ပစ်ခတ်ရှင်းလင်းခံရခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“Happy KTV ဖက်ကနေ အုန်းကနဲ့ပေါက်ကွဲသံကြီး ကြားလိုက်တယ်။ စစ်တပ်က အရာရှိတွေကို ချတာလို့ ကြားတယ်” ဟု အဆိုပါ ဒေသခံကပြောသည်။

သေဆုံးသူ စစ်ကောင်စီအရာရှိသုံးဦးမှာ ဇော်မောင်၊ ကျော်စိုးနှင့် ဘတုတ် ဆိုသူပါဝင်ကြောင်း စုံစမ်းသိရှိရပြီး အသေးစိတ်ကိုမူ မသိရသေးပေ။

Happy KTV အတွင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီ ဗိုလ်မှုးဇော်မောင်နှင့် လုပ်ငန်းရှင်နှစ်ဦး ၊စုံစမ်းဆဲနှစ်ဦးသေဆုံးသည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။ ဗိုလ်မှူး​ဇော်​မောင်သည် တပ်မ ၃၃ လက်​အောက်ခံ တပ်ရင်း ၁၃ မှဖြစ်ပြီး DSA အပါတ်စဥ် ၄၇မှ ဖြစ်​ကြောင်း အထက်ပါ​ဒေသခံက​ပြောသည်။

ဖားကန့်တွင်၂၀၂၂ နိုဝင်ဘာလ ၁၉ရက် နံနက်အစောပိုင်းက KTVခန်းတစ်ခုအတွင်း အရပ်ဝတ်ဖြင့် သီချင်းဆိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးအပါအဝင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။

ယနေ့ နံနက် ၆နာရီ ခန့်မှ စတင်ကာ စစ်ကောင်စီက ဖားကန့်နေရာအချို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။