Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဲကနယ်တိုက်ပွဲ စစ်ကောင်စီတပ်ကလေကြောင်း၊ လက်နက်ကြီး ပစ်ကူဖြင့် ထိုးဖောက်ရန် ကြိုးပမ်းနေ၍ တိုက်ပွဲဆက်ဖြစ်ဟု ကော်ဘရာ အသိပေး

​ကျောက်မိုင်းဒေသတွင် ကော်ဘရာပါဝင်သည့် ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဧပြီဒုတိယပါတ်မှစ၍ ယ​နေ့(ဧပြီ ၂၂ ရက်) အထိ့တိုက်ပွဲများဆက်တိုက် ဖြစ်ပွား​နေခြင်းဖြစ်သည်။

(စစ်တပ်မှ ကျန်ရစ်ခဲ့​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို ကျားသစ်နက်စစ်​ကြောင်းရဲ​ဘောများနှင့်အတူ​တွေ့ရစဥ်/ စစ်တပ်၏ YAK -130 တိုက်​လေယာဥ်။ ဓါတ်ပုံ-ကျားသစ်နက်စစ်​ကြောင်း/စစ်ကောင်စီ)
(စစ်တပ်မှ ကျန်ရစ်ခဲ့​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို ကျားသစ်နက်စစ်​ကြောင်းရဲ​ဘောများနှင့်အတူ​တွေ့ရစဥ်/ စစ်တပ်၏ YAK -130 တိုက်​လေယာဥ်။ ဓါတ်ပုံ-ကျားသစ်နက်စစ်​ကြောင်း/စစ်ကောင်စီ)

ကရင်ပြည်နယ် မြ၀တီမြို့နယ် မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသသို့စစ်ကောင်စီဘက်မှ တိုက်လေယာဉ်များ၊ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ​နေ့​ရောညပါ အဆက်မပြတ်ပစ်ခတ်ပြီး ထိုးဖောက်ဝင်ရောက်နိုင်ရန် ကြိုးစားနေဆဲဖြစ်၍ တိုက်ပွဲဆက်လက်ဖြစ်ပွား​နေ​ကြောင်းကော်ဘရာ စစ်ကြောင်းက အသိပေးသည်။

​ကျောက်မိုင်းဒေသတွင် ကော်ဘရာပါဝင်သည့် ပူးပေါင်းစစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဧပြီဒုတိယပါတ်မှစ၍ ယ​နေ့(ဧပြီ ၂၂ ရက်) အထိ့တိုက်ပွဲများဆက်တိုက် ဖြစ်ပွား​နေခြင်းဖြစ်သည်။

ဧပြီ ၂၂ရက်တွင်စစ်ကောင်စီဘက်က နံနက်(၂)နာရီတွင် YAK130 JetFighterဖြင့် (၃)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နံနက် (၆)နာရီခန့်မှစ၍ ဟောင်ဝစ်ဇာများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်ရန်ကြိုးစားသဖြင့် ကျောက်မိုင်းဒေသတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များဖြင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

(စစ်တပ်မှ ကျန်ရစ်ခဲ့​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို ကျားသစ်နက်စစ်​ကြောင်းရဲ​ဘောများနှင့်အတူ​တွေ့ရစဥ်/ စစ်တပ်၏ YAK -130 တိုက်​လေယာဥ်။ ဓါတ်ပုံ-ကျားသစ်နက်စစ်​ကြောင်း/စစ်ကောင်စီ)
(စစ်တပ်မှ ကျန်ရစ်ခဲ့​သော လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို ကျားသစ်နက်စစ်​ကြောင်းရဲ​ဘောများနှင့်အတူ​တွေ့ရစဥ်/ စစ်တပ်၏ YAK -130 တိုက်​လေယာဥ်။ ဓါတ်ပုံ-ကျားသစ်နက်စစ်​ကြောင်း/စစ်ကောင်စီ)

စစ်​ကောင်စီ၏တိုက်​လေယာဥ်များမှာ ​နေပြည်​တော်​လေဆိပ်မှ ထွက်ခွာပျံသန်းခြင်းဖြစ်​ကြောင်း စစ်​ကောင်စီ​လေ​ကြောင်းတပ် ပျံသန်းမှု ​စောင့်ကြည့်​သောအဖွဲ့များက​ပြောသည်။

“ ရန်သူ့ဘက် ထိခိုက်မှုအား စီစစ်ဆဲဖြစ်သည်။ ရန်သူဘက်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် အကြိမ်ရေများစွာပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့သော်လည်း မိဘပြည်သူများပို့သသောမေတ္တာကြောင့် မိမိတို့ဘက်မှထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပါ” ဟု ကော်ဘရာစစ်ကြောင်းကဧပြီ ၂၂ ရက်ညတွင်ထုတ်ပြန်သည်။

ယ​နေ့ညတွင်လည်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေ​ကြောင်း PDF တစ်ဦးက​ပြောသည်။

စစ်ကောင်စီတပ်၏ ရမ်းသန်း ပစ်ခတ်မှုများကြောင့် ပြည်သူလူထုပိုင် နေအိမ်များနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးခဲ့သည်ဟုအသိ​ပေးသည်။

ယခင်ရက်များက မဲကနယ်ဒေသ အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့သည်။

မြဝတီမြို့အနီးတဝိုက်တွင်စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ BGF တပ် တို့အား ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ ၊ ကော်ဘရာစစ်ကြောင်း (၁) ၊ ကော်ဘရာစစ်ကြောင်း(၂) ၊ Federal Wings ၊ Golden Eagle ၊ရောင်နီတို့နှင့် ပူးပေါင်းပြီးတိုက်ခိုက်လျှက်ရှိသည်။

စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ BGF တပ်များ မှ နေ၍ လက်နက်ကြီးများ ၊ အတွဲလိုက်ပစ်ဒုံးများဖြင့် နေ့ရောညပါ ပစ်ခတ်လျက်ရှိပြီး ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့​ကြောင်း ကျားသစ်နက်စစ်​ကြောင်းကလည်းယ​နေ့ထုတ်ပြန်သည်။

ထို့အပြင် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာစစ်ကောင်စီတပ်မှ ကျန်ရစ်ခဲ့သော လက်နက်၊ ကျည်များ နှင့် အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့​ကြောင်းသိရသည်။