Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတွင် ယနေ့နံနက် တိုက်ပွဲပြင်းထန်နေ

ထိတွေ့တိုက်ပွဲမှာ လေးနာရီ ကျော်ကြာမြင့်ခဲ့ပြီး ကရင်နီတပ်ပေါင်းစု၏ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံးကာ နှစ်ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

(လွိုင်ကော် - မိုးဗြဲလမ်းမကြီးတစ်လျှောက် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(လွိုင်ကော် - မိုးဗြဲလမ်းမကြီးတစ်လျှောက် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဧပြီ ၂၇ ရက်) နံနက် ၆ နာရီခန့်က စ၍ လက်ရှိ သတင်းရေးချိန်(နံနက် ၇ နာရီ)အထိ လွိုင်ကော် – မိုးဗြဲလမ်းမကြီးမှာ တိုက်ပွဲပြင်းထန်နေသည်ဟု ဆိုသည်။

“မနေ့က မိုးဗြဲတိုက်ပွဲ အဆက်လို့တော့ သိရတယ်။လွိုင် ကော်ဘက်ကနေ စကစ အင်အားဖြည့်လာတာကို တိုက်တာဖြစ်ဖို့များနိုင်တယ်။လောလောဆယ် တိုက်ပွဲအသေးစိတ်ကတော့ ပြောဖို့ခက်တယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လက်ရှိစစ်ရေးအခြေအနေကြောင့် လွိုင်ကော်လမ်းမကြီးနှင့် ဆက်စပ်၍ ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းများ မပြုလုပ်ကြသေးရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း – ၂ ကလည်း ထုတ်ပြန်ထားသည်။

ယမန်နေ့က မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀)တပ်ဖွဲ့အား KNDF တပ်ရင်းအမှတ် (၃)၊ တပ်ရင်းအမှတ် (၁)၊ မိုးဗြဲပြည်သူ့ကာ ကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထိတွေ့တိုက်ပွဲမှာ လေးနာရီ ကျော်ကြာမြင့်ခဲ့ပြီး ကရင်နီတပ်ပေါင်းစု၏ချေမှုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးသေဆုံးကာ နှစ်ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

ထို့အပြင် MA – 1 (၄) လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ )ပြောင်း သိမ်းဆည်းရမိခဲ့သည်။