Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယခုနှစ်လေးလအတွင်း ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၀ကျော်ဖော်ဆောင်ခဲ့ဟု NUG ကာကွယ်ရေးထုတ်ပြန်

​လေးလခန့်အတွင်း ရန်သူ့စခန်းသိမ်း တိုက်ပွဲ – ၄၄ ပွဲ၊ လေတပ်စခန်း တိုက်ခိုက်မှု – ၆ ကြိမ်၊ လက်နက်စက်ရုံများ တိုက်ခိုက်မှု – ၉ ကြိမ်၊ ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု – ၁၁ ကြိမ်ထိ ရှိခဲ့ကြောင်းအ​သေးစိပ်ဖော်ပြသည်။

မတ်လနှင့်ဧပြီလတွင်PDF တပ်ရင်းတပ်ဖွဲ့များဦး​ဆောင်၍​သော်လည်း​ကောင်း ၊အခြား​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍​သော်လည်း​ကောင်းတိုက်ခိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲအချို့မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်များ။ဓါတ်ပုံ-PDF

▪︎“အာဏာရှင်နိဂုံး ၂၀၂၃” ဆိုသည်မှ ကြွေးကြော်သံတစ်ခုမျှသာမဟုတ်ဘဲ စနစ်တကျပြင်ဆင်ထား​သောတိုက်ပွဲခေါ်သံ စစ်စစ်ဖြစ်ဟုအသိပေး

▪︎​တော်လှန်​ရေးဘဏ္ဍာ​ငွေအတွက် EOD ၏နွေဦးအင်းလျားကွန်ဒိုခန်းများဝယ်ယူကြရန်လည်းတိုက်တွန်း

အာဏာရှင် နိဂုံး ၂၀၂၃ ကြွေးကြော်သံနှင့်အတူ စစ်ကောင်စီတပ်ကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့မှ ယနေ့ ဧပြီ ၂၇ရက်အထိ PDF များပါဝင်သည့် တပ်ပေါင်းစုများက ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၄ပွဲရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

​လေးလခန့်အတွင်း ရန်သူ့စခန်းသိမ်း တိုက်ပွဲ – ၄၄ ပွဲ၊ လေတပ်စခန်း တိုက်ခိုက်မှု – ၆ ကြိမ်၊ လက်နက်စက်ရုံများ တိုက်ခိုက်မှု – ၉ ကြိမ်၊ ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု – ၁၁ ကြိမ်ထိ ရှိခဲ့ကြောင်းအ​သေးစိပ်ဖော်ပြသည်။

“အာဏာရှင်နိဂုံး ၂၀၂၃ ဆိုတာ သာမာန် ကြွေးကြော်သံ တစ်ခုမျှသာ မဟုတ်ပါဘူး။ စနစ်တကျစီမံညှိနိုင်း ပြင်ဆင်ပြီးမှ ထုတ်ပြန်လိုက်တဲ့ တိုက်ပွဲခေါ်သံ စစ်စစ် သာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

လက်ဗလာနှင့် စခဲ့ကြရသည့် ပြည့်ရင်သွေး PDF များ ပြည့်ပြည့်စုံစုံ ဖြစ်လာနေပြီဖြစ်ကြောင်း၊ ယခု ၂၀၂၃ တွင် ဗျူဟာမြောက် လှုပ်ရှားမှုများ နိုင်ငံအနှံ့ နေ့စဉ်နီးပါး ဖော်ဆောင်နေကြပြီဖြစ်ကြောင်းလည်းအသိ​ပေးသည်။

“တော်လှန်ရေးဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ မောင်းနှင်နေပါပြီ။ ပြည်သူအများက စစ်အာဏာရှင်ရဲ့ လူမဆန်စွာ ရက်စက်မှုတွေကို အားမလျှော့တမ်း တော်လှန်နေကြပါတယ်။ မိမိတို့စည်းစိမ်ဥစ္စာ အသက်ခန္တာ ပျက်စီးမှုနဲ့ ကြုံတာတောင် ဒီအာဏာရှင် လက်အောက်က အပြီးအပြတ်ရုန်းကြမယ် ဆိုတဲ့ သံဓိဌာန်က ယိမ်းယိုင် မသွားတော့ပါဘူး” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြသည်။

ထိုသို့ တော်လှန်ခွန်အားများ ဖြည့်ရာ၌ အာဏာရှင်စနစ် အဆုံးသတ်ရေးဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်သည့် အာဏာရှင်နိဂုံး- EOD (End of Dictatorship)အစီအစဥ် များသည် အထူးအရေးပါသည့် ခွန်အားများဖြစ်ကြောင်းလည်းအသိပေးသည်။

မတ်လနှင့်ဧပြီလတွင်PDF တပ်ရင်းတပ်ဖွဲ့များဦး​ဆောင်၍​သော်လည်း​ကောင်း ၊အခြား​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍​သော်လည်း​ကောင်းတိုက်ခိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲအချို့မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်များ။ဓါတ်ပုံ-PDF
မတ်လနှင့်ဧပြီလတွင်PDF တပ်ရင်းတပ်ဖွဲ့များဦး​ဆောင်၍​သော်လည်း​ကောင်း ၊အခြား​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍​သော်လည်း​ကောင်းတိုက်ခိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲအချို့မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်များ။ဓါတ်ပုံ-PDF

“အားဖြည့်ခဲ့ကြသူ တော်လှန်ပြည်သူ တစ်ဦးတစ်ယောက် တိုင်းကိုလဲ လေးစားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။ လက်ရှိ ဖေါ်ဆောင်နေတဲ့ Spring Inya Condo မှာလဲ ကြိုးစားဝယ်ယူရင်း တော်လှန်ဘဏ္ဏာ ဖြည့်ဆည်းကြဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးဘဏ္ဍာငွေရန်ပုံငွေအတွက် ပါရမီလမ်းပေါ်ရှိ စစ်ကောင်စီပိုင် မြေနေရာ ဧက ၃၀တွင် နွေဦးအင်းလျားကွန်ဒို (Spring Inya Condo)ရောင်းချမည်ဟု NUG၏ ရန်ပုံငွေရှာဖွေရေးအဖွဲ့(EOD)က ထုတ်ပြန်သည်။

စစ်ကောင်စီကသိမ်းယူထား​သော မြေဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက်ရှိ နေရာတွင် ကွန်ဒိုတိုက်ခန်းပေါင်း ၇၅၀ ကိုအ​ကွက်​ဖော်၍ ရောင်းချခြင်းဖြစ်သည်။

အိပ်ခန်း တစ်ခန်း၊နှစ်ခန်းနှင့် သုံးခန်းပါဝင်သည့် ကွန်ဒိုများဖြစ်ပြီး စတုရမ်းပေ ၆၀၀ , ၉၀၀ နှင့် ၁၂၀၀ အထိကျယ်ဝန်းမည်ဖြစ်သည်။

ဧပြီ ၂၉ ရက်မှစ၍ ကွန်ဒိုတိုက်ခန်းများကိုရောင်းချရာတွင် တယောက်အိပ်ခန်းအတွက် ဒေါ်လာ ၂၉,၂၅၀၊ အိပ်ခန်းနှစ်ခန်းပါတိုက်ခန်းအတွက် ဒေါ်လာ ၄၂,၀၀၀ နှင့် အိပ်ခန်း သုံးခန်းပါတိုက်ခန်းအတွက် ဒေါ်လာ၅၄,၀၀၀ ဖြစ်သည်။ တော်လှန်ရေးကာလအတွင်း ၄၀ ရာခိုင်နှုန်းကို ၆လအတွင်းကြိုတင်ပေးသွင်းရမည်ဖြစ်သည်။

“အခုတော့ အဝယ်အော်ဒါကြိုတင်ပေးထားရမယ်။ ငွေကတော့ စရောင်းတဲ့နေ့မှ ပေးရမယ်။ ပြည်တွင်း၊ပြည်ပကလူတွေ အလွန်စိတ်ဝင်စားနေကြပါတယ်”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။

မြေနေရာ အကန့်အသတ်​ကြောင့် တိုက်ခန်းများ ထပ်တိုးရောင်းချရန် အစီအစဉ်မရှိ​ကြောင်းလည်း EODက ထုတ်ပြန်ထားသည်။

မတ်လနှင့်ဧပြီလတွင်PDF တပ်ရင်းတပ်ဖွဲ့များဦး​ဆောင်၍​သော်လည်း​ကောင်း ၊အခြား​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍​သော်လည်း​ကောင်းတိုက်ခိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲအချို့မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်များ။ဓါတ်ပုံ-PDF
မတ်လနှင့်ဧပြီလတွင်PDF တပ်ရင်းတပ်ဖွဲ့များဦး​ဆောင်၍​သော်လည်း​ကောင်း ၊အခြား​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍​သော်လည်း​ကောင်းတိုက်ခိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲအချို့မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်များ။ဓါတ်ပုံ-PDF

NUGကရောင်းချနေသည့်နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် ရန်ကုန်တွင် ဒုတိယစီမံကိန်းအဖြစ် နွေဦးစံရိပ်မွန် အိမ်ယာစီမံကိန်းကို တိုက်ခန်းပေါင်း ၁၀၀၀၀ ရောင်းချရာတွင် မတ် ၂၅ ရက်အထိတိုက်ခန်းပေါင်း ၇၀၀၀ ရောင်းချထားပြီးဖြစ်သည်ဟု EODက ထုတ်ပြန်ထားသည်။ ထိုတိုက်ခန်း ၇၀၀၀ အတွက် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃ သန်းရရှိပြီးဖြစ်သည်ဟုလည်းသိရသည်။

ထိုအပြင် EOD က အာဏာသိမ်း​ခေါင်း​ဆောင်၏ အိမ်နှစ်လုံး ၊ ရန်ကုန်မြို့နှင့် မန္တ​လေးမြို့များတွင် အဆင့်မြင့်အိမ်ယာစီမံကိန်းများစွာကိုလည်း အကွက်​ဖော်​ရောင်းချထားသည်။

NUGဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အညာဒေသ၌ တိုက်ပွဲဝင်နေသည့် PDF ရဲဘော် တစ်ဦး၏ စကားကို ဖော်ပြထားသည်။

“အသက်တွေရင်းပြီးတိုက်ပွဲတွေအဆက်မပြတ် လုပ်ဆောင်နေပြီမို့ ပြည်သူတရပ်လုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ပူးပေါင်း ကူညီပေးဖို့ အထူးတောင်းဆိုအပ်ပါတယ်။” မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃) ကရဲဘော်တစ်ဦးကပြောကြားထားသည်။

(မတ်လနှင့်ဧပြီလတွင်PDF တပ်ရင်းတပ်ဖွဲ့များဦး​ဆောင်၍​သော်လည်း​ကောင်း ၊အခြား​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍​သော်လည်း​ကောင်းတိုက်ခိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲအချို့မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်များ။ဓါတ်ပုံ-PDF

-PDF များ ယခုနှစ်​လေးလအတွင်းတိုက်ခိုက်ခဲ့​သောအထူးစစ်ဆင်​ရေးတိုက်ပွဲပြ အင်ဖိုဂရပ်။

ကိုးကား-NUG)