Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူနယ်ရှိ ပျူစောထီးရွာအားတိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၁၃ ဦးသေ

ဧပြီ ၂၅ ရက် ည၉နာရီခွဲခန့်က ပခုက္ကူမြို့နယ် တဲကုန်းပျူရွာအား ဒေသတွင်းမဟာမိတ်အဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တဲကုန်းပျူရွာမှ သိမ်းဆည်းနိုင်ခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်(ပကဖ)
တဲကုန်းပျူရွာမှ သိမ်းဆည်းနိုင်ခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - မြိုင်(ပကဖ)

လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ၊ ပကဖ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ တဲကုန်းပျူစောထီးကျေးရွာအား တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် ၁၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

ဧပြီ ၂၅ ရက် ည၉နာရီခွဲခန့်က ပခုက္ကူမြို့နယ် တဲကုန်းပျူရွာအား ဒေသတွင်းမဟာမိတ်အဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်များ ဝင်ရောက်တိုက်ခိုက်ချိန်တွင် မြို့ခင်းသာရွာနှင့် မှိုက်ပင်ကုန်းရွာမှ ပျူစောထီးများလည်း ရောက်ရှိနေ၍ အဆိုပါပျူများပါ ရှင်းလင်းနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။

Public Service Announcement
Public Service Announcement

“ပျူတွေက ညဆိုသောက်စားဖဲရိုက်တယ်ဆိုတာ သတင်းကရထားတယ်။ ဝင်စီးတဲ့အချိန်မှာ ဘန်ကာထဲမှာက သောက်စားနေတဲ့ကောင် သုံးကောင်ရှိတယ်။ ကျန်တဲ့ကောင်တွေက ဖဲရိုက်နေကြတာ။ အဲဒီဘန်ကာထဲကို ကျွန်တော်တို့က လက်ပစ်ဗုံးဝင်ထည့်ပြီးတော့မှ ဘန်ကာထဲကကောင်တွေတစ်ယောက်မှ မပစ်နိုင်တော့ဘူး။ ဖဲရိုက်နေတဲ့ကောင်တွေကို ဘယ်ကောင်တွေကပျူတွေတုန်းခွဲထွက်ဆိုပြီး ပျူတွေက ခွဲထွက်တယ်။ ပြန်ခံပစ်တာတွေရှိတယ်။ ပြန်ခံပစ်တဲ့ကောင်တွေကြောင့် ကျွန်တော်တို့ရဲဘော်တစ်ဦး လမ်းမှာကျသွားတယ်။ တိုက်ပွဲကြာချိန် ၁၀မိနစ်လောက်ပဲကြာတယ်။”ဟု ဗိုလ်လက်ယျာက ပြောသည်။

တဲကုန်းရွာ၏ ပျူခေါင်းဆောင် ကိုတင်ဝင်းဆိုသူအပါအဝင် ပျူ ၁၃ဦး နေရာတွင် ပွဲခြင်းပြီးသေဆုံးပြီး ပျူ ၈ဦး ဒဏ်ရာများရရှိ၍ ပခုက္ကူဆေးရုံတွင် ဆေးကုနေရကြောင်း မြိုင်(ပကဖ)အဖွဲ့က ပြောသည်။

ထို့အပြင် ပကဖ ရဲဘော်တစ်ဦး ကျည်ထိမှန်၍ လမ်းခုလပ်အရောက်တွင် ကျဆုံးခဲ့ကြောင်း ဗိုလ်လက်ယျာက ပြောသည်။

အဆိုပါ ပျူများထံမှ ကာဘိုင် ၁လတ်၊ ကျည် ၃၅ တောင့်၊ ကျည်ဘောက် ၂ခု၊ လက်ပစ်ဗုံး ၃လုံး၊ တစ်တောင့်ထိုးမောင်းချိုး ၄လတ်၊ ကျည် ၂၂ တောင့်၊ လက်ကိုင်ဖုန်း ၃လုံး၊ ကျည်ကာ ၂ထည်

သိမ်းဆည်းနိုင်ခဲ့သည်။

ပျူများထွက်ပြေး၍ လက်နက်များ ကျကျန်ခဲ့သောကြောင့် ဆက်သိမ်းနိုင်ရန်ကြိုးစားသော်လည်း ရဲဘော်ကျည်ထိခဲ့၍ ပြန်ဆုတ်ခဲ့ရသောကြောင့် ထပ်မံမသိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့ရဲဘော်များက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် မြိုင် (ပကဖ) ရင်း(၁) ခွဲ(၄) စု(၃)မှ စိတ်(၁/၂)နှင့် မြိုင်ပကဖ IO အဖွဲ့ Black Cobra ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဧပြီ ၂၃ ရက်ကလည်း ပခုက္ကူခရိုင် ပေါက်မြို့နယ်ရှိ ဒီးဒုတ်ကွင်းပျူရွာကို ဒေသကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။