Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး – ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စွဲရာ နေရာသုံးခုကို ချင်းပူးပေါင်းတပ် တပြိုင်တည်း တိုက်ခိုက်

ယခင်က ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့သည့် ဟားခါး- ထန်တလန်ကြား သီမစ်လွင်ပြင်ရှိ စစ်ကောင်စီ အခြေချထားသည့် တောင်ကုန်း သုံးခုကို ချင်းပူးပေါင်းတပ်က တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(တလန်လိုကျေးရွာအား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Hakha Post's Post)
(တလန်လိုကျေးရွာအား စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - The Hakha Post's Post)

▪️နေရာ ၂ခု သိမ်းပိုက်နိုင်ဟုဆို၊ ချင်းရဲဘော် တစ်ဦးကျဆုံး၊ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၍ အရပ်သား နှစ်ဦးသေဆုံး

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီတပ် တပ်စွဲရာနေရာ သုံးနေရာကို ချင်း အမျိုးသားတပ်မတော်(CNA)နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များက ယမန်နေ့ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စွဲရာ နေရာနှစ်ခု သိမ်းပိုက်နိုင်ခဲ့သည်ဟု The Chin Journalက ဖော်ပြသည်။

ယခင်က ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ခဲ့သည့် ဟားခါး- ထန်တလန်ကြား သီမစ်လွင်ပြင်ရှိ စစ်ကောင်စီ အခြေချထားသည့် တောင်ကုန်း သုံးခုကို ချင်းပူးပေါင်းတပ်က တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

“ရန်သူ တပ်စွဲထားတဲ့ တောင်ကုန်း သုံးခုထဲမှာ ၂ခုကို ကျနော်တို့ သိမ်းပိုက်ထားတယ်။ သူတို့ လက်နက်ကြီး သိုလှောင်ထားတဲ့ အိမ်ကိုလည်း ကျနော်တို့ ရလိုက်တယ်။ ကျနော်တို့ဘက်က တစ်ဦးကျသွားတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများတယ်” ဟု မြေပြင်သတင်းရင်းမြစ်၏ ပြောကြားချက်ကို The Chin Journalက ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ ဆက်သွယ် ထားဆဲဖြစ်သည်။

စစ်ကောင်စီတပ် တပ်စွဲထားသည့် ဟားခါး တက္ကသိုလ်တွင်လည်း ဧပြီ ၂၆ရက် ညပိုင်းက ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံး မသိရသေးဟု The Chin Journalက ဖော်ပြသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့ ဧပြီ ၂၇ရက် မွန်းလွဲပိုင်းတွင် ထန်တလန်မြို့နယ် CNA ဌာနချုပ်အနီးရှိ တလန်လိုကျေးရွာအား တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦးအသက်ဆုံးရှုံးခဲ့ဟု ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်း၌ ချင်းပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများတွင် စစ်ကောင်စီတပ် အထိနာလျက်ရှိရာ လေကြောင်းတိုက်ခိုက်မှုများဖြင့် ချင်းပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုများ စစ်ကောင်စီတပ်က ပိုမိုတိုး၍ လုပ်ဆောင်လျက်ရှိသည်။