Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး အသတ်ခံရ

မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်၊ နမ့်ခမ်းပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်အပါအဝင် ပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ထက်မနည်း ရှိနေသည်။

မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)
မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

မူဆယ်မြို့ရှိ လုံထန်ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို ယနေ့ (ဧပြီ ၂၇ရက်) နံနက် ၈နာရီခန့်တွင်

လက်ဖက်ရည်တစ်ဆိုင်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဟု ဒေသခံတစ်ဦးက ပြော သည်။

“လုံထန်ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရတာ။ သေနတ်နဲ့ ဆိုင်ထဲဝင်ပစ်သွားတာ။ ဆေးရုံးခေါ်သွားသေးတယ်။ လမ်းတင် သေသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူသည် အသက် (၃၅)နှစ်အရွယ်ခန့်ရှိသည်ဟု သိရသည်။

Public Service Announcement

ပြည်သူ့စစ်တပ်ဖွဲ့များသည် စစ်ကောင်စီက ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် လောင်းကစားလုပ်ငန်းများတွင် ဦးဆောင်ပါဝင်နေသည်ဟု မြို့ခံများက ပြောသည်။

မူဆယ်မြို့တွင် လုံထန်ပြည်သူ့စစ်၊ နမ့်ခမ်းပြည်သူ့စစ်၊ ကောင်းခါးပြည်သူ့စစ်အပါအဝင် ပြည်သူ့စစ်အဖွဲ့ ငါးဖွဲ့ထက်မနည်း ရှိနေသည်။

မူဆယ်မြို့တွင် မတ်လ ၃၁ရက်ကလည်း သိန်းသန်းချီကားဝင်းအတွင်း ဂိတ်စောင့်နေသော ပြည်သူ့စစ်အဖွဲ့ကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်သတ်ပြီး သေနတ်ကိုပါ ယူသွားဆောင်သွားမှုဖြစ်ခဲ့သေးသည်။