Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ်ရှိ အင်မထီးရွာ ပျူစောထီးစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

Eagle Brigade အဖွဲ့နှင့် မဟာမိတ်များသည် ဧပြီ ၁၇ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းအား ဒရုန်းများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

(အင်မထီးကျေးရွာမှ ပျူစောထီးများ ထွက်ပြေးနေသည်ကို တွေ့ရစဥ်)
(အင်မထီးကျေးရွာမှ ပျူစောထီးများ ထွက်ပြေးနေသည်ကို တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ အင်မထီးကျေးရွာရှိ ပျူစောထီးစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Eagle Brigade (A Nyar Eagles)အဖွဲ့ တာဝန်ခံက ​ပြောသည်။

ယမန်နေ့ (ဧပြီ ၂၆ ရက်) နေ့လယ် ၁နာရီခန့်က အင်မထီး ပျူရွာစခန်းကို ဒရုန်းများဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ ပျူအင်အား ၃၀ ခန့် ရွာအပြင်ပြေးထွက်သွားပြီး ထိခိုက်မှုအခြေအနေမှာမူ မသိရသေးဟု Eagle Brigade (A Nyar Eagles)အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Joe Black က ​ပြောသည်။

“အင်မထီးပျူရွာက စခပခတွေ(စစ်သားနဲ့ပျူတွေ) ခြေကုပ်ယူတဲ့ စခန်းမို့လို့ ဗုံးသီးအကြီးတွေ ၊ မီးလောင်ဗုံးတွေကို Scout Drone တစ်စီး ၊ Attack Drone(တိုက်ခိုက်ရေးသုံးဒရုန်း) သုံးစီးနဲ့ သွားကြဲတာပါ။ စစ်ဆင်ရေးကို စိတ်တိုင်းကျမှု မရှိပေမယ့် ထိရောက်မှုတော့ရှိခဲ့ပါတယ်။”ဟု ပြောရေးဆိုခွင့်ရှိသူ Joe Black က ​ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်ရေးသုံး ဒရုန်း သုံးစီးဖြင့် တစ်ခေါက် ကြဲနိုင်ခဲ့ပြီး ဒရုန်းဖျက်စက်များရှောင်ကာ ဒရုန်း မဆုံးရှူံးအောင် ပျံသန်းပြီး မွန်းလွဲ ၂ နာရီခန့်တွင် စစ်ဆင်ရေးရပ်ကာ ပြန်ဆုတ်ခွာခဲ့ကြောင်း Joe Blackက ​ပြောသည်။

ယင်းတိုက်ခိုက်မှု Red Hawk Operations – စွန်ရဲစစ်ဆင်ရေးတွင် Myaing Fighter Defense Force (MFDF)၊ Myaung Special Air Force (MSPDF)၊ Salingyi Special Task Force (SSTF)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ ဒေသကာကွယ်ရေး(ပကဖ)အဖွဲ့များ ပါဝင်ခဲ့သည်။

Eagle Brigade အဖွဲ့နှင့် မဟာမိတ်များသည် ဧပြီ ၁၇ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းအား ဒရုန်းများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။