Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဧပြီ ၂၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လေးလအတွင်း ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၀ ကျော်ဖော်ဆောင်ခဲ့ဟု NUG ကာကွယ်ရေးထုတ်ပြန်

အာဏာရှင် နိဂုံး ၂၀၂၃ ကြွေးကြော်သံနဲ့အတူ စစ်ကောင်စီတပ်ကို အရှိန်မြှင့်တိုက်ခိုက်ခဲ့ရာ ၂၀၂၃ ဇန်နဝါရီ ၁ ရက်မှ ဒီနေ့အထိ PDF များပါဝင်တဲ့ တပ်ပေါင်းစုများက ရန်သူ့စခန်းသိမ်းတိုက်ပွဲ ၄၄ ပွဲရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ​လေးလခန့်အတွင်း ရန်သူ့စခန်းသိမ်း တိုက်ပွဲ ၄၄ ပွဲ၊ လေတပ်စခန်း တိုက်ခိုက်မှု ၆ ကြိမ်၊ လက်နက်စက်ရုံများ တိုက်ခိုက်မှု ၉ ကြိမ်၊ ရန်သူ့ ဌာနချုပ်စခန်း တိုက်ခိုက်မှု ၁၁ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ တော်လှန်ရေးဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ မောင်းနှင်နေပါပြီ။ ပြည်သူအများက စစ်အာဏာရှင်ရဲ့ လူမဆန်စွာ ရက်စက်မှုတွေကို အားမလျှော့တမ်း တော်လှန်နေကြပြီး တော်လှန်​ရေးဘဏ္ဍာ​ငွေအတွက် EOD ရဲ့နွေဦးအင်းလျားကွန်ဒိုခန်းများဝယ်ယူကြဖို့ တိုက်တွန်းထားပါတယ်။

မတ်လနှင့်ဧပြီလတွင်PDF တပ်ရင်းတပ်ဖွဲ့များဦး​ဆောင်၍​သော်လည်း​ကောင်း ၊အခြား​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍​သော်လည်း​ကောင်းတိုက်ခိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲအချို့မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်များ။ဓါတ်ပုံ-PDF
မတ်လနှင့်ဧပြီလတွင်PDF တပ်ရင်းတပ်ဖွဲ့များဦး​ဆောင်၍​သော်လည်း​ကောင်း ၊အခြား​တော်လှန်​ရေးအဖွဲ့များနှင့်ပူး​ပေါင်း၍​သော်လည်း​ကောင်းတိုက်ခိုက်ခဲ့​သောစခန်းသိမ်းတိုက်ပွဲအချို့မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်များ။ဓါတ်ပုံ-PDF

▪️ရွှေဈေး ကျပ် သိန်း ၃၀ အထိပြန်တက်

ပြည်တွင်း အခေါက်ရွှေဈေး တစ်ကျပ်သားကို ကျပ် သိန်း ၃၀ အထက်သို့ပြန်လည်မြင့်တက်လာတယ်လို့ ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောပါတယ်။ မတ် ၁၇ ရက်က ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းကျော်နဲ့ ပေါက်ဈေးရှိခဲ့ပြီးနောက် ဒီနေ့မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် သိန်း ၃၀၀,၃၀၀အထိ မြင့်တက်လာတာပါ။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ဩဂုတ် ၃၁ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၄ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ​အောက်တိုဘာလမှာ ​တစ်ကျပ်သား ၂၇ သိန်း​ကျော်အထိ​ဈေးပြန်ကျခဲ့ပေမယ့် အခုလပိုင်းမှာ တရိပ်ရိပ်ပြန်တက်လာခဲ့တာပါ။

ရွှေဈေး ကျပ် သိန်း ၃၀ အထိပြန်တက်
ရွှေဈေး ကျပ် သိန်း ၃၀ အထိပြန်တက်

▪️ရှမ်း-ကရင်နီနယ်စပ် ဒေသခံများကို လူသားဒိုင်းအ​ဖြစ် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်

ရှမ်း-ကရင်နီဒေသအစပ်ရှိ တောင်မဲသင်းကျေးရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က လူသားဒိုင်းအ​ဖြစ် ဖမ်းဆီးခေါ်ဆောင်နေတဲ့ ရုပ်သံဖိုင်ကို Karenni Generation Zက ဖော်ပြအသိပေးပါတယ်။ အဲဒီရုပ်သံဖိုင်ကို မနေ့ မနက်ပိုင်းက တောင်မဲသင်းကျေးရွာမှာ ဒရုန်းနဲ့ ရိုက်ကူးခဲ့တာပါ။ ဒါ့အပြင် မနေ့က စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသွားခဲ့တဲ့ တောင်မဲသင်းနဲ့ မြောက်စလုံးရွာကြားရှိ လယ်ခြားကျေးရွာသို့ ကရင်နီပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေးဝင်​ရောက်လုပ်ဆောင်ရာ ကြိုးတုပ် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဆိိုပါတယ်။

▪️လွိုင်ကော်-မိုးဗြဲလမ်းပိုင်းမှာ ဒီနေ့ မနက်ပိုင်း တိုက်ပွဲပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်-မိုးဗြဲလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ လွိုင်ကော်-မိုးဗြဲလမ်းမကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိစစ်ရေးအခြေအနေကြောင့် လွိုင်ကော်လမ်းမကြီးနဲ့ ဆက်စပ်လို့ ပြည်သူများအနေနဲ့ ခရီးသွားလာခြင်းများ မပြုလုပ်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း – ၂ ကထုတ်ပြန်ပါတယ်။

(လွိုင်ကော် - မိုးဗြဲလမ်းမကြီးတစ်လျှောက် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - KNDF)
(လွိုင်ကော် – မိုးဗြဲလမ်းမကြီးတစ်လျှောက် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ – KNDF)

▪️ထီးချိုင့်တိုက်ပွဲ အထိနာတဲ့ စစ်ကောင်စီတပ် ကျေးရွာများကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲများမှာ ထိခိုက်သေဆုံးမှုများတဲ့ စစ်ကောင်စီတပ်က မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။ ထီးချိုင့်မြို့နယ်အတွင်း ဧပြီ ၂၂ ရက်မှ စတင်ဝင်ရောက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် သေဆုံးထိခိုက်မှုများခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ ဧပြီ ၂၄ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။

(စစ်ကောင်စီတပ်က ယနေ့နံနက်စောတွင် ဆင်ဖြူဆိပ်‌(အရှေ့)ရွာကို မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - TRTeam)
(စစ်ကောင်စီတပ်က ယနေ့နံနက်စောတွင် ဆင်ဖြူဆိပ်‌(အရှေ့)ရွာကို မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – TRTeam)

▪️ပဇီကြီးရွာအနီးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုနဲ့ ဆက်လက်ထိုးနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာများက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနှစ်ကြောင်းဟာ ဒီနေ့ မနက်ပိုင်းမှာ ‌စကျင်ရွာနဲ့ချောင်းမကြီးကျေးရွာဘက်သို့ ရောက်ရှိနေတယ်လို့ ဒေသခံများကပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ညက မြေမွန်ကျေးရွာမှာ ညအိပ်ပြီး ဒီနေ့မနက်မှာ စကျင်ရွာနဲ့ချောင်းမကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဧပြီ ၂၃ရက်က ပဇီကြီးရွာ၏ မြင်ကွင်း။ ဓာတ်ပုံ - ပေးပို့)
(လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဧပြီ ၂၃ရက်က ပဇီကြီးရွာ၏ မြင်ကွင်း။ ဓာတ်ပုံ – ပေးပို့)

▪️ခင်ဦးမှာ စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာသုံးရွာ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာ သုံးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။ ဧပြီ ၂၅ ရက်က စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ကျော်နဲ့ ခင်ဦးနယ်အနောက်တောင်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်းဟာ ညနေပိုင်းမှာ တပင်ကောင်း(တောင်)ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၂၅ လုံး ပြာကျခဲ့တယ်လို့ သိရပါတယ်။ မနေ့ကလည်း စစ်ကောင်စီတပ်က ကံကြီးကုန်းကျေးရွာနဲ့ မြို့သစ်ကျေးရွာရှိ နေအိမ်များကိုလည်း ဆက်လက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီ စစ်ကြောင်းကို တိုက်ခိုက်ဖို့ ကံကြီးကုန်းကျေးရွာဘက်ထွက်လာချိန် မိုင်းဆင်တဲ့ ရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

(ယမန်နေ့ညနေပိုင်းက ခင်ဦးနယ်အနောက်တောင်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ယမန်နေ့ညနေပိုင်းက ခင်ဦးနယ်အနောက်တောင်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️ရဲတပ်ကြပ်တစ်ဦးကို တားဆီးစစ်ဆေးစဉ် ထွက်ပြေးလို့ ပစ်ခတ်ခဲ့

နွားထိုးကြီးမြို့ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး မြို့အပြင်သို့ထွက်လာတာကို တားဆီးစစ်ဆေးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF မြင်းခြံခရိုင် PDF တပ်ရင်း (၄)မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ မနေ့ ညပိုင်းက နွားထိုးကြီးမြို့မ ရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းဆိုသူဟာ ရဲစခန်းရဲ့အရှေ့ဘက် ကင်းစခန်းရှိရာသို့ ဆိုင်ကယ်နဲ့ထွက်လာစဉ် ထန်းစင်ကျေးရွာအနီးမှာ PDF ရဲဘော်များက တားဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးရဲဘော်များရဲ့ ပစ်ခတ်ရှင်းလင်းခြင်းခံရတဲ့ ရဲတပ်ကြပ်ခိုင်မင်းထွန်းရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်မှ အင်အား ၃၀ ခန့်နဲ့ အဲဒီနေ့ ညမှာပဲ နွားထိုးကြီးမြို့ပေါ်သို့ လာရောက်သယ်ဆောင်သွားတယ်လို့ သိရပါတယ်။