Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေနှင့်ပြင်ဆင်ထားရမည်ဟု BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားတွင် KNLA ဒုတိယစစ်ဦးစီးချုပ်ပြော

ယနေ့ ဧပြီလ(၁၇)ရက်တွင် ကျရောက်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေနှင့်ပြင်ဆင်ထားရမည်ဟု BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားတွင် KNLA ဒုတိယစစ်ဦး စီးချုပ်ပြော
နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေနှင့်ပြင်ဆင်ထားရမည်ဟု BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားတွင် KNLA ဒုတိယစစ်ဦး စီးချုပ်ပြော

တော်လှန်ရေးကာလတွင် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနှင့်အတူ လုံခြုံရေးသတိပါ ရှိရမည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ပြောသည်။

ထို့အပြင်ခေတ်မှီနည်းပညာများဖြင့် စစ်အာဏာရှင်များကို တန်ပြန်စစ်ဆင်နိုင်ရန်အတွက် စဉ်ဆက်မပြတ်လေ့လာရမည်ဖြစ်သည်ဟုလည်းဆိုသည်။

ယနေ့ ဧပြီလ(၁၇)ရက်တွင် ကျရောက်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက သဝဏ်လွှာပေးပို့ခဲ့ပြီး ယင်းသဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေနှင့်ပြင်ဆင်ထားရမည်ဟု BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားတွင် KNLA ဒုတိယစစ်ဦး စီးချုပ်ပြော
နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေနှင့်ပြင်ဆင်ထားရမည်ဟု BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားတွင် KNLA ဒုတိယစစ်ဦး စီးချုပ်ပြော

“ခေတ်ကာလတိုးတက်မှုအရ တော်လှန်စစ်ဆင်နွှဲရာတွင် လက်ရုံးရည်တစ်ခုတည်းဖြင့်သာမကဘဲ နှလုံးရည်နှင့်ပါ ပေါင်းစပ်ကာ တော်လှန်တိုက်ပွဲဝင်ရမည်ဖြစ်သည်။ လက်ရုံးရည်ယှဉ်ပြိုင်တိုက်ခိုက်မှု နည်းပညာများနှင့်အတူ နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေဖြင့် ပြင်ဆင်ထားရမည်ဖြစ်သည်” ဟု ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ပြောသည်။

ယနေ့ ခေတ်ကာလသည် ခေတ်မှီနည်းပညာများ ဖွံ့ဖြိုးတိုးတက်သည့်ကာလဖြစ်ကြောင်း တပ်တော်အနေဖြင့် နားလည်ထားပြီးဖြစ်သည်ဟု ယုံကြည်ပြီး တော်လှန်ရေးကာလတွင် လုံခြုံရေးအားကောင်းလေ တော်လှန်ရေးအောင်ပွဲ အခွင့်အလမ်းကောင်းလေဖြစ်ကာ လုံခြုံရေးကို အထူးသတိပြုရမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။

ထို့အပြင် တိုင်းပြည်လိုအပ်ချက်အတွက်ဖြစ်စေ၊ တန်းတူရေးအတွက်ဖြစ်စေ၊ တရားမျှတမှုအတွက်ဖြစ်စေ တိုင်းပြည်အတွင်းရှိ အာဏာရှင်စနစ်အားလုံးကို အမြစ်ပြတ်တိုက်ထုတ်ရာတွင် ရဲဘော်များအနေဖြင့် အင်တိုက်အားတိုက် ဆက်လက်ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး စစ်အာဏာရှင်များနှင့်အတူ မည်သည့်အာဏာရှင်မဆို အမြစ်ပြတ်ချေမှုန်းနိုင်မှ တိုင်းပြည်အနာဂတ်လည်း လှပမည်ဖြစ်ကြောင်း တပ်တော်နှင့် ရဲဘော်များအားလုံး နားလည်ထားရမည်ဟု ဒုတိယဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ဆိုသည်။

နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေနှင့်ပြင်ဆင်ထားရမည်ဟု BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားတွင် KNLA ဒုတိယစစ်ဦး စီးချုပ်ပြော
နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေနှင့်ပြင်ဆင်ထားရမည်ဟု BPLA တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်နေ့ အခမ်းအနားတွင် KNLA ဒုတိယစစ်ဦး စီးချုပ်ပြော

“မိမိတို့၏ အခြေခံလူ့အခွင့်အရေးဖြစ်သော လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသည့်တပ်တော်အနေဖြင့် အရပ်သားပြည်သူလူထုများ၏ အခွင့်အရေးကို လေးစားကာကွယ်သော တပ်တော်ဖြစ်ရန်လည်း လိုအပ်ပါသည်” ဟု ဆိုထားသည်။

ထို့အပြင် အခက်အခဲ၊ အကြပ်အတည်း၊ စိန်ခေါ်မှုကြား၌ တပ်တော်ဖွဲ့စည်းနိုင်ခြင်းနှင့်အတူ ရှေ့တန်းစစ်မျက်နှာများတွင် တော်လှန်တိုက်ပွဲဝင်လျက်ရှိသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်၏ ခေါင်းဆောင်များ၊ ရဲဘော်များအတွက် (၂)နှစ်ပြည့်တပ်တော်မွေးနေ့၌ အသိအမှတ်ပြုပြီး လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်လျက်ရှိကြောင်း KNLA ဒုစစ်ဦးစီးချုပ်က အသိပေးသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်အုပ်ချုပ်နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အမှတ်(၅)တပ်မဟာနှင့်အတူ လက်တွဲပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။