Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ပန်းတောင်းက ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရ

စစ်အုပ်စုရဲ့တယ်လီဂရမ် တွေမှာ ရဲစခန်း စီးနင်းခံရပြီး ရဲတပ်ကြပ်ကြီး တစ်ဦးရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ သေနတ်မှန်ပြီးသေဆုံးသလို ရဲအုပ် နဲ့ ရဲတပ်ကြပ်ကြီးတို့ ပျောက်ဆုံးနေတယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ
ဓာတ်ပုံ − စစ်ကောင်စီ

မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ပွေးကျစ်နယ်မြေ ရဲစခန်း ကို ဒေသကာကွယ်ရေးတပ်တွေ မနေ့ မေလ ၂ ရက် နေ့လယ်ပိုင်းက ဝင်တိုက်ခိုက်လိုက်ပါတယ်။

နေ့လယ် ၁၂ နာရီခန့်က ရဲစခန်းကို ဝင်တိုက်တာဖြစ်ပြီး စခန်းကို မီးရှို့လိုက်သလို ရဲအချို့လည်းထိခိုက်သေကြေမှုတွေရှိတယ်လို့ ဒေသခံအချို့ဆီ ဆယ်သွယ်မေးမြန်းမှုအရ သိရပါတယ်။

စစ်အုပ်စုရဲ့တယ်လီဂရမ် တွေမှာ ရဲစခန်း စီးနင်းခံရပြီး ရဲတပ်ကြပ်ကြီး တစ်ဦးရဲ့ ဇနီးနဲ့ သားဖြစ်သူတို့ သေနတ်မှန်ပြီးသေဆုံးသလို ရဲအုပ် နဲ့ ရဲတပ်ကြပ်ကြီးတို့ ပျောက်ဆုံးနေတယ်လို့ ဖော်ပြပါတယ်။

ပွေးကျစ်နယ်မြေရဲစခန်းက ရဲအချို့ မြို့နယ်တရားရုံးသွားချိန်မှာ စခန်းဝင်တိုက်ခံရတာလို့လည်း စစ်အုပ်စုက ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်တာမရှိသေးပါဘူး။